ကော့ကရိတ်မြို့၌ ခရိုင်နှင့် မြို့နယ်လဝကရုံး မီးရှို့ခံရ

ကော့ကရိတ်၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗောဓိလမ်းရှိ ကော့ကရိတ်ခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက မီးရှို့ဖျက် ဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာ ၂၇ ရက်၊ ည ၁၁ နာရီခန့်က ကော့ကရိတ်ခရိုင်နှင့် မြို့နယ် လဝကရုံးသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ထားသည့်လူသုံးဦး ဝင်ရောက်လာကာ ရုံးအားမီးရှို့ပြီး ပြန်ထွက် သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက‌ ပြောသည်။

“ မနေ့ညပိုင်းကဖြစ်တာ လဝကရုံး မီးရှို့ခံရတာ။ လူသုံးယောက်က မီးဝင်ရှို့သွားတာလို့သိရတယ်။ တာဝန်ရှိသူတွေက မီးရှို့သွားတဲ့သူတွေကို ဖမ်းဆီးရမိရေး စစ်ဆေးနေတယ်။” ဟု အထက်ပါပုဂ္ဂို လ်ကပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွား‌‌နေသည့် လဝကရုံးသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးရှို့ခံရသည့်အတွက် အလျား ၉၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၅ ပေရှိ ပတ်လည် အုတ်စီ၊ သွပ်မိုး၊ တစ်ထပ်အဆောက်အဦး မီးလောင်ပျက်စီးသွား‌ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံ မှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီး ကျေးရွာများရှိ နေအိမ်များအား အမည်မသိလက်နက်ကိုင်အဖွဲ့ များက မီးရှို့ခဲ့သေး ကြောင်း ဒေသခံများထံမှ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ကော့ကရိတ်မြို့၌ ခရိုင်နှင့် မြို့နယ်လဝကရုံး မီးရှို့ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.