ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ အဆိုပြုဆုံးဖြတ်ချက်များကို အမေရိကန်အစိုးရ ဗီတိုအာဏာသုံးဖွယ်ရှိနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကြား တွေ့ဆုံဆွေးနွေးမှုများကို ဗီတိုအာဏာသုံး ငြင်းဆန်ပယ်ချမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

အယ်ဂျီရီးယားနိုင်ငံသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် တောင်းဆိုမည့်အဆိုပြုချက်မူကြမ်းများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြား လာမည့်ရက်ပိုင်းအတွင်း မဲခွဲဆုံးဖြတ်ရန် စီစဉ်နေကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်ဂရင်းဖီးလ်က အယ်ဂျီးရီးယားနိုင်ငံကဦးဆောင်ပြီး ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးအတွက် အဆိုပြုမူကြမ်းအပေါ် စေ့စပ်ဆွေးနွေးမှုများသည် အဟန့်တားများတွေ့ကြုံရဖွယ်ရှိနေကြောင်း ပြောသည်။

ဂါဇာစစ်ပွဲ ရပ်တန့်ရေးအဆိုပြုချက်မူကြမ်းကို အတည်ပြုနိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် အနည်းဆုံး ၉ နိုင်ငံထောက်ခံမဲရရန်လိုအပ်ကြောင်း သိရသည်။

သံအမတ်ကြီး လင်ဒါ သောမတ်ဂရင်းဖီးလ်က “ အမေရိကန်ဟာ အယ်ဂျီးရီးယားနိုင်ငံက ဦးဆောင်ပြုမယ့် ဂါဇာစစ်ပွဲရပ်တန့်ရေးမူကြမ်းကို အားပေးထောက်ခံမှာမဟုတ်ဘူး။ ဗီတိုအာဏာသုံးသင့် သုံးသွားရမယ်။” ဟု ပြောသည်။

အမေရိကန်သည် ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံကို နိုင်ငံတကာမျက်နှာစာတွင် ကာကွယ်ပေးခဲ့သလို၊ ကုလသမဂ္ဂလုံခြုံရေးကောင် စီတွင်လည်း ကာကွယ်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူဆောင်ရွက်မည့် အစီစဉ်နှစ်ခုကိုလည်း ဗီတိုအာဏသုံးပယ်ချခဲ့ဖူးကြောင်း သိရသည်။

အမေရိကန်သည် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် ကြားဝင်စေ့စပ်ဆွေးနွေးနေသလို အစ္စရေးကိုလည်း စစ်လက်နက်ပစ္စည်းများ ကူညီရောင်းချပေးနေကြောင်း သိရသည်။

ကောင်းထက်ငွေ

ndtv.com

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ အဆိုပြုဆုံးဖြတ်ချက်များကို အမေရိကန်အစိုးရ ဗီတိုအာဏာသုံးဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.