ရန်ကုန်၊ အောက်တိုဘာ ၁၁
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း ရခိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်မှစ၍ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စသည့်စိုက်ပျိုးရေးထွက်ကုန်များအပြင် ရေချို၊ ရေငန် ငါးမျိုးစုံကို ယခင် မောင် တောနယ်စပ်မှ တင်ပို့နေရာမှ ယခု စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
“ တချို့ကုန်သည်တွေကတော့ အဆင်မပြေကြဘူး။ အထူးသဖြင့် ရေထွက်ကုန်တွေ တင်ပို့တဲ့သူတွေပေါ့။ သူတို့ကျတော့ အဆင်မပြေဘူး။ ဒါကအရင်နဲ့ လက် ရှိအနေထားပေါ့။” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မောင်တောနယ်စပ်ဂိတ်မှ အဓိကပို့ကုန်ဖြစ်သည့် ငါးမြစ်ချင်းများကို စစ်တွေမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေဖြင့်တင်ပို့ရာတွင် အခက်အခဲများစွာရှိကြောင်း သိရသည်။
“ ပို့ကုန်က သတ်မှတ်ထားတဲ့တန်ချိန်ပြည့်မှ ထွက်လို့ရတော့တာ။ အကုန်စုပြီး တင်သွားရတာ။ အဲဒီတော့ အခက်အခဲရှိတယ်။” ဟု ကုန်သည်တစ်ဦးက ပြောသည်။
ယခုဘဏ္ဍာနှစ်၏ ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈၂ သန်းရရှိထားပြီး၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၄၅ သန်းရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
စုစု
ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်