ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အမေရိကန်၏ချွေးသိပ်မှုကိုလက်မခံရန် အခြားနိုင်ငံများကို တရုတ်သတိပေး

ဘေဂျင်း၊ ဧပြီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စည်းကြပ်ခွန်များနှင့်ပတ်သက်၍ ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် အမေရိကန်၏ချွေးသိပ်မှုကိုလက်မခံရန် အခြားနိုင်ငံများကို တရုတ်က သတိပေးထားသည်။

အမေရိကန်သည် သွင်းကုန်ခွန်ကင်းလွတ်ခွင့်နှင့် အခြားနိုင်ငံများကို အပေးအယူလုပ်ကာ တရုတ်ကိုဖိအားပေးရန် စီစဉ်နေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခဲ့သည်။

ထရမ့်အစိုးရသည် ကုန်သွယ်ရေးမိတ်ဖက်များနှင့် စတင်ဆွေးနွေးနေပြီး၊ ပြီးခဲ့သောသီတင်းပတ်က ဝါရှင်တန်သို့ ဂျပန်ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်ခဲ့သည်။ တောင်ကိုရီးယားသည်လည်း ယခုသီတင်းပတ်တွင် ညှိနှိုင်းမှုများစတင်ရန် စီစဉ်ထားသည်။

ဇန်နဝါရီလတွင် သမ္မတရာထူး ပြန်လည်ရယူပြီးနောက် ထရမ့်သည် တရုတ်သွင်းကုန်များအပေါ် စည်းကြပ်ခွန်များ ကြီးကြီးမားမားချမှတ်ခဲ့ပြီး အခြားနိုင်ငံများကလည်း ၎င်းတို့၏ ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုဒဏ်ကို ခံခဲ့ကြရသည်။

“ချွေးသိပ်မှုဟာ ငြိမ်းချမ်းရေးကို ယူဆောင်လာပေးလို့မရသလို၊ အပေးအယူလုပ်ခြင်းက လေးစားမှုကို မရနိုင်ပါဘူး” ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ တရုတ်ရဲ့အကျိုးစီးပွားကိုအသုံးချပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့ ဘယ်သူ့ကိုမဆို ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်။ ဒီလိုဖြစ်လာရင် တရုတ်က ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။ ပြတ်ပြတ်သားသားတန်ပြန်အရေးယူမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါမှတ်ချက်သည် ပြီးခဲ့သည့်သီတင်းပတ်က China Daily တွင်ဖော်ပြခဲ့သည့် အယ်ဒီတာအာဘော်ကို ရည်ညွှန်းကာ ဥရောပသမဂ္ဂအား အမေရိကန်ကိုနှစ်သိမ့်ရန် ကြိုးစားခြင်းမှရှောင်ကြဉ်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံပေါင်းများစွာနှင့် အကောက်ခွန်ညှိနှိုင်းမှုများကိုအသုံးပြု၍ တရုတ်ကိုဖိအားပေးရန် အမေရိကန်ကစီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် တရုတ်ကတုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

စည်းကြပ်ခွန်များကြေညာပြီးနောက် နိုင်ငံပေါင်း ၇၀ ကျော်သည် စေ့စပ်ညှိနှိုင်းမှုများစတင်ရန် တက်လှမ်းနေပြီဟု ထရမ့်ကပြောကြားခဲ့သည်။

Ref: BBC

#ယနေ့ခေတ်

ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် အမေရိကန်၏ချွေးသိပ်မှုကိုလက်မခံရန် အခြားနိုင်ငံများကို တရုတ်သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.