ရန်ကုန်၊ ဒီဇင်ဘာ ၂၅
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းစာမေးပွဲ အောင်မြင်ပြီးသူများကို အလုပ်လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အ ကိုင်အေဂျင်စီ(POEA) မှ သတင်းထုတ်ပြန်ထားသည်။
ဖော်ပြပါ အလုပ်နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးရက်သတ္တပတ်(သို့မဟုတ်) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီတစ်ခေါက်တော့ အမျိုးသမီးတွေကို ဦးစားပေးခေါ်မယ်ထင်တယ်။ ဒါပေမယ့် ဘယ်လောက်ခေါ်မလဲဆိုတာတော့ တိတိကျကျမသိရဘူး။ စောင့်ကြည့်ရမှာပေါ့။” ဟု ကိုရီးယားဘာသာသင်တန်းမှ နည်းပြဆရာတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
(၁၆)ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) စာမေးပွဲကို ပြီးခဲ့သည့်အောက်တိုဘာလက ဖြေဆိုခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီး ၃၀၀၀နီးပါး စာမေးပွဲအောင်မြင်ထားကြောင်း သိရသည်။
ကိုရီးယားနိုင်ငံမှ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအပြင် အမျိုးသမီးများပါ လုပ်ကိုင်ခွင့်ရမည့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုပါ ခေါ်ယူထားပြီး စုစုပေါင်းလုပ်သား တစ်သောင်းတစ်ထောင်ဝန်းကျင် စေလွှတ်သွားရန်ရှိကြောင်း သိရသည်။
ယခုအခါ တောင်ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် မြန်မာလုပ်သား ခုနှစ်သောင်းကျော် ရောက်ရှိအလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – Myanmar Embassy of soul
ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းစာမေးပွဲ အောင်မြင်ပြီးသူများကို ကိုရီးယားအလုပ်လျှောက်လွှာ ခေါ်ယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်