ကုန်ကျစရိတ်များပြားခြင်းကြောင့် မူးယစ်ဆေးဝါးရောင်းချသူအချို့ကို ဖမ်းဆီးနိုင်ခြင်းမရှိ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃

နိုင်ငံရေးအပြောင်းအလဲပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ရပ်ကွက်များအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းချခြင်းများ တွင်ကျယ်လာသော်လည်း ကုန်ကျစရိတ်များပြားခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးရောင်းချခြင်းများကို ၎င်းတို့အနေဖြင့် ငွေကုန်ကျစရိတ်များပြားခြင်းနှင့် အင်းအားနည်းပါးခြင်းတို့ ကြောင့် သတင်းပေးတိုင်တန်းချက်များကိုသာ ဖမ်းဆီးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ရပ်ကွက်တွေထဲမှာ ဆေးပြားတွေရောင်းချတာက ပေါ်ပေါ်တင်တင်လိုဖြစ်လာတယ်ပေါ့။ ဒါပေမယ့် ဒီလိုတွေဖမ်းဖို့ဆိုတာက ပိုက်ဆံအများကြီးကုန်တယ်။ ဘဏ္ဍာငွေအမြောက်အများသုံးရတယ်ပေါ့။ ဒီမြို့နယ်မှာ ဒီလူတွေကဆေးပြားရောင်းနေတယ်လို့ သတင်းထွက်ရင် ကျွန်တော်တို့သွားဖမ်းတယ်။ ဟိုရောက်ရင် သူတို့ကမရှိတော့ဘူး။ ဒါမျိုးပေါ့။ ဒါကြောင့် သတင်းပေးတွေထားထားတယ်။ လစာနဲ့ခန့်ထားပြီးတော့။ အခြေအနေအရ ငွေကုန်ကျစရိတ်ကြောင့် ထိထိရောက်ရောက်မဖမ်းနိုင်းဘူး။” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လူငယ်အများအပြားသည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မူးယစ်ဆေးဝါးကို ကိုယ်တိုင်သုံးစွဲသလို ရောင်းဝယ်ဖောက်ကားမှုများရှိနေကြောင်း၊ ယင်းနှင့်တစ်ဆက်တည်း ဆေးသုံးထားသူလူငယ်များသည် ဆေးကြောင်၍ ရပ်ကွက်များအတွင်း ပစ္စည်းများလုယက်ခြင်း၊ နေအိမ်များမှခိုးခြင်း အစရှိသည့်နောက်ဆက်တွဲ ဒုစရိုက်မှုများကိုပါ ကျူးလွန်လာကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

ကုန်ကျစရိတ်များပြားခြင်းကြောင့် မူးယစ်ဆေးဝါးရောင်းချသူအချို့ကို ဖမ်းဆီးနိုင်ခြင်းမရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.