ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထား ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ကိုးကန့်တပ် MNDAA ၏ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက ထိန်းသိမ်းထားသည်ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေရာ ကိုးတန့်တပ်ဖွဲ့နှင့်နီးစပ်သည့် ယနေ့ခေတ်၏သတင်းရင်းမြစ်က အဆိုပါသတင်းကို အတည်ပြုပြောဆိုသည်။

ဖုန်တာရွှင်ကို ပြီးခဲ့သည့်အောက်တိုဘာလက ယူနန်ပြည်နယ်အစိုးရအဖွဲ့မှ အထူးကိုယ်စားလှယ်ဖြင့် တွေ့ဆုံရမည်ဟုဆိုကာ ဖိတ်ကြားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်မရောက်ရှိလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။

“ ဖမ်းခံရတာတော့ဟုတ်တယ်။ ဘာကြောင့်အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရဘူး။ ဒီ လောက်ပဲပြောနိုင်တယ်။” ဟု ကိုးတန့်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကိုးကန့်တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ပြီးခဲ့သည့် အောက်တို ဘာလက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ကိုးကန့်တပ်မတော် (MNDAA) ကသိမ်းယူထားသည့် လားရှိုးမြို့ကို တရုတ်အစိုးရက နစကသို့ပြန်ပေးရန် သတိပေးထားသော်လည်း ပြန်မပေးသည့်အတွက် ဖမ်းထားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုးကန့်တပ်မတော် (MNDAA)သို့ ယနေ့ခေတ်သတင်းဌာနမှ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

#စုစု

ဓာတ်ပုံ – လူမှုကွန်ရက်

#ယနေ့ခေတ်

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.