ရန်ကုန်၊ မတ် ၃
တောင်ကိုရီးယားတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာများကို တားမြစ်ပစ္စည်းများဖြစ်သည့် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာမှုမရှိသည့်အတွက် ဒဏ်ကြေးအဆ ၅၀ တိုးကောက်မည်ဖြစ်ကြောင်း EPS Center in Myanmar က အသိပေးထုတ်ပြန်ထားသည်။
အင်ချွန်းလေဆိပ်သို့ရောက်ရှိပါက ကိုရီးယားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးရုံး ဝာာဝန်ခံများက ယူဆောင်လာသည့် ခရီးဆောင်အိတ်များအား (တားမြစ်ပစ္စည်းများ ယူဆောင်လာခြင်း ရှိ/မရှိ) ထပ်မံစစ်ဆေးလျက်ရှိကြောင်း လုပ်ငန်းခွင်အကြိုသင်တန်းပို့ချသည့်အချိန်တွင် အပတ်စဉ်သတိပေးမှာကြားလျက်ရှိသည်။
သို့သော် အကြိမ်ကြိမ်သတိပေးမှာကြားသော်လည်း ကိုရီးယားလေဆိပ်၌ ၎င်းတို့နိုင်ငံမှဝာားမြစ်ထားသော လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ယူဆောင်လာခြင်းကို အပတ်စဉ် ရှာဖွေစစ်ဆေးတွေ့ရှိနေရကြောင်း သိရသည်။
“ သူတို့ကို အကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပြီးသား။ တားမြစ်ပစ္စည်းတွေ မသယ်ဆောင်ဖို့အတွက်ပေါ့။ ဒါပေမယ့် တချို့အလုပ်သမားတွေက မလိုက်နာဘူး။ သယ်သွားကြ တယ်။ သူတို့အကြိမ်ကြိမ်သတိပေးထားရဲ့သားနဲ့ မြန်မာတွေက စည်းကမ်းဖောက်ဖျက်တာတွေများနေတော့ ဒဏ်ကြေးငွေကို တိုးမြှင့်ကောက်ခံမယ်ဆိုပြီး ကိုရီးယားဘက်က အ ကြောင်းကြားလာတာဖြစ်ပါတယ်။” ဟု တောင်ကိုရီးယားရောက် အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
သို့ဖြစ်၍ အင်ချွန်းလေဆိပ်ဝာာဝန်ရှိသူက အဆိုပါပစ္စည်းများအား သိမ်းယူခြင်း၊ ဒဏ်ကြေးငွေ ဝမ်တစ်သိန်းအတွင်း ဒဏ်ရိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်ယူဆောင် လာခြင်းများ တွေ့ရှိနေရသည့်အတွက် ဒဏ်ကြေးငွေပမာဏအား ဝမ်တစ်သိန်းမှ ဝမ်သိန်း ၅၀ အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။
ထို့ပြင် ကိုးရီးယားနိုင်ငံသို့ထွက်ခွာမည့် E-9 မြန်မာလုပ်သားများအနေဖြင့် အဆိုပါတားမြစ်ပစ္စည်းများ ယူဆောင်သွားခြင်း (လုံးဝ)မပြုလုပ်ကြရန် ထပ်မံသတိပေးထားသည်။
စုစု
ဓာတ်ပုံ- Embassy of Soul
ကိုရီးယားသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်လာပါက ဒဏ်ကြေးအဆ ၅၀ တိုးကောက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်