ရန်ကုန်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ မိုးတားလေးကျေးရွာတွင် လူနေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
ဩဂုတ် ၅ ရက်၊ ည ၁၀ နာရီခွဲက ကသာမြို့နယ်၊ မြေနုကျေးရွာဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အနီးရှိ မိုးတားလေးကျေးရွာမှ လူနေအိမ်တစ်လုံးပေါ် သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ ဦးကျော်ဆန်းရဲ့ အိမ်ပေါ်တည့်တည့်ကို ကျည်ကျရောက်တာ။ ပေါက်ကွဲချိန် အိမ်ထဲမှာရှိနေတဲ့ ကလေးတစ်ဦးအပါအဝင် သူ့မိသားစုဝင်ငါးဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာ တွေရသွားတာ။ ဒဏ်ရာပြင်းထန်သူတွေလည်းပါတယ်။“ ဟု ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီးကျည်ထိမှန်၍ ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၅ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက် ရေကြောင်းမှ သွားလာနေသည့် နစကစစ်ကြောင်းများနှင့် ကသာခရိုင်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ များအကြား အပြန်အ လှန်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကာ လူထိခိုက်သေဆုံးမှုနှင့် လူနေအိမ်မီးရှို့ခံရမှုတို့ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ် ၄ ရက်ကလည်း ကသာခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျောက်ထုံးကြီးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် သုံးရက်ဆက်တိုက် မီးရှို့ခံခဲ့ရ၍ လူနေအိမ် ၄၀ ကျော် မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မောင်ဇော်
ဓါတ်ပုံ – စီဂျေ
ကသာရှိ မိုးတားလေးကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်