ရန်ကုန်၊ ဇန်နဝါရီ ၁၅
ကလော-မိတ္ထီလာအမြန်လမ်းတွင် ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီက မော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ပဲ ပေ ၃၀ ခန့်ရှိ လမ်းဘေးချောက်အတွင်းသို့ ပြုတ်ကျ၍ ယာဥ်မောင်းသေဆုံးသွားကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကလော-မိတ္ထီလာအမြန်လမ်း ဝက်ဖြူရေအောက်ဖက်၊ မဂွေဘုန်းကြီးကျောင်းအနီးတွင် အရှိန်မထိန်းနိုင်ပဲ Canter တစ်စီး ဘရိတ်ပေါက်ကာ အနက် ၃၀ ခန့်ရှိ လမ်းဘေးချောက် အတွင်းသို့ ပြုတ်ကျခဲ့ပြီး ယာဥ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။
“ အနက် ပေ ၃၀ ခန့်ရှိတဲ့ လမ်းဘေးချောက်ထဲကို အရှိန်မထိန်းနိုင်ပဲ Center ယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှုဖြစ်သွားပါတယ်။ ကားဦးခေါင်းအတွင်းမှာ ညပ်မိနေတဲ့ ယာဉ်မောင်းကို ကရိန်းအကူအညီနဲ့ ဇန်နဝါရီ ၁၅ ရက် နံနက် ၃ နာရီအချိန်မှာ ကယ်ထုတ်နိုင်ခဲ့ပေမယ့် သေဆုံးနေပါတယ်။” ဟု နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယင်းဖြစ်ပွားရာသို့ ကလောလူမှုကူညီရေးအဖွဲ့များနှင့် ပူးပေါင်းကာ ထိခိုက်ဒဏ်ရာရရှိသူ စပယ်ယာအား အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့သည်။ သေဆုံးသူယာဉ်မောင်းသည် အောင် ပန်းမြို့၊ ဇောတိရပ်ကွက်နေ ကိုကျော်ဆိုသူဖြစ်ပြီး၊ ၎င်း၏ရုပ်အလောင်းကို ကလောဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန် ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – နာရေးကူညီမှုအသင်း(အောင်ပန်း)
ကလော-မိတ္ထီလာအမြန်လမ်းတွင် မော်တော်ယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်အတွင်းပြုတ်ကျ ယာဉ်မောင်းသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်