ကလီဆိပ်ကမ်းအနီးတွင် သမ္ဗာန်တစ်စီးတိမ်း​မှောက် တစ်ဦး​ပျောက်ဆုံး​

ရန်ကုန်၊ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကလီဆိပ်ကမ်းသို့ မောင်းနှင်လာသည့် သမ္ဗာန်တစ်စီး ကလီဆိပ်ကမ်းအနီးတွင် မတ် ၄ ရက်၊ မွန်းလွဲ ၃ နာရီက တိမ်းမှောက်သွားခဲ့​ပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရ သည်။

သမ္ဗာန်တစ်စီးတိမ်း​မှောက်ပြီး သမ္ဗာန်​ပေါ်လိုက်ပါစီးနင်းသူ ၁၂ ဦးအနက် တစ်ဦး​ပျောက်ဆုံး​နေ​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ သမ္ဗာန်​မောင်းသူတစ်ဦးအပါအဝင် လူ၁၂ ဦးအနက်မှာ ၁၁ ဦးကို ပြန်လည်ကယ်ဆယ်ရရှိခဲ့ပါတယ်။ လက်ရှိ​တစ်ဦး​ပျောက်ဆုံး​နေပါတယ်။ ဆက်လက်ရှာ​ဖွေ​နေဆဲပါ။ ကယ်ဆယ်ရရှိသူ​​တွေကို ရန်ကုန်ပြည်သူ့​ဆေးရုံကြီးကို ကူညီပို့​ဆောင်​ပေးခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ယခုအခါ ကလီဆိပ်မှ ပန်းဆိုးတန်းဆိပ်ကမ်းအထိ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်ဆိပ် ကမ်းထိ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်​နေ​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#ယနေ့ခေတ်

ကလီဆိပ်ကမ်းအနီးတွင် သမ္ဗာန်တစ်စီးတိမ်း​မှောက် တစ်ဦး​ပျောက်ဆုံး​ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.