ကရင်နီ၌ စစ်ရှောင်သုံးသိန်းခွဲထိတိုးလာ၍ စားနပ်ရိက္ခာအခက်အခဲ ကြီးမားနေ ဟုဆို

ရန်ကုန်၊ သြဂုတ် ၁၃

ကရင်နီ(ကယား)ပြည်နယ်၊ အနောက်ခြမ်း၊ ဒီမော့ဆို စစ်ဘေးရှောင်ဒေသ၌ စစ်ဘေးရှောင်ဦးရေ သုံးသိန်းခွဲအထိတိုးလာ၍ စားနပ်ရိက္ခာအခက်အခဲ ဖြစ်လာခဲ့ကြောင်း ကရင်နီစစ် ရှောင်များအား ကူညီစောင့်ရှောက်ပေးနေသည့်အဖွဲ့များထံမှ သိရသည်။

တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ဘေးရှောင်ဦးရေ များလာသည်နှင့်အမျှ ရိက္ခာပြတ်လပ်မှုပြဿနာမှာလည်း ဆိုးရွားလာခဲ့ပြီး ဒီမော့ဆိုဘက်ခြမ်းထိ ရိက္ခာသယ်ယူခွင့် ပိတ်ထားသဖြင့် လက်ရှိတွင် ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိနေကြောင်း သိရသည်။

“ လွိုင်ကော်ကနေ ဒီမော့ဆိုကိုလာမယ့် ကုန်တွေကိုကန့်သတ်ထားတယ်။ ဆန်တွေပေးမသယ်ဘူး။ ဆန်တွေလည်းဈေးတက်တယ်။ ရသလောက်ဆန်ကိုပဲ ခွဲတန်းဝေချရတယ်။ အ ရေးပေါ် လိုအပ်နေတဲ့ထဲမှာမှ ဘယ်ဟာအလိုအပ်ဆုံးလဲဆိုပြီး ရွေးချယ်ပြီးထောက်ပံ့ပေးတာမျိုးတွေရှိတယ်။ ရိက္ခာပြတ်လပ်မှုရှိလာတဲ့အခြေအနေကလည်း ဆိုးလာတယ်။ ကုန် ဈေးနှုန်းကလည်း တစ်ရက်ကို သုံးထောင်နှုန်းနဲ့ တက်နေတယ်” ဟု ကရင်နီဒေသတွင်း ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံကပြောသည်။

ကရင်နီတစ်ပြည်လုံးနီးပါး တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဒီမော့ဆိုအနောက်ခြမ်း၌ စစ်ရှောင်ဦးရေ တိုးလာခဲ့ကြောင်း ဒေသတွင်းကူညီစောင့်ရှောက်နေသူများထံမှ သိရသည်။

ဒီမော့ဆိုအနောက်ဖက်ခြမ်းမှ ဖရူဆိုသွားသည့် မိန်းလမ်းမကြီး၌ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး မိုးဗြဲနှင့် ဖယ်ခုံတို့၌လည်း တိုက်ပွဲများရှိခဲ့ရာ လေယာဥ်ဖြင့် လာရောက်ပစ်ခတ် မှုများလည်းရှိကြောင်း သိရသည်။

“ အခုက ကရင်နီတစ်ပြည်နယ်လုံးနီးပါးက တိုက်ပွဲဖြစ်နေတာဆိုတော့ စစ်ရှောင်ကတိုးတယ်။ သုံးသိန်းခွဲလောက်ဖြစ်သွားပြီ။ မိုးဗြဲ၊ ဖယ်ခုံမှာလည်းဖြစ်နေတယ်။ မိုးဗြဲဆို တစ်မြို့ လုံးရှောင်နေရတာ။” ဟု ကရင်နီဒေသတွင်း ကူညီစောင့်ရှောက်သူများအဖွဲ့မှ တာဝန်ခံကပြောသည်။

စစ်ဘေးရှောင်ဒေသ၌ ရိက္ခာပြတ်လပ်မှုအပြင် လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခြင်း၊ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခြင်းများရှိရာ အသက်ဆုံးရှုံးရသည်များလည်း ရှိကြောင်း သိရသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရ ရှိသူများကို ဆေးဝါးကုသနိုင်ရန် ဆေးဝါးလိုအပ်ချက်များရှိလာခဲ့ပြီး အချို့ ရက်လွန်ဆေးဝါးများသည်ပင် ပြန်လည်အသုံးပြုနေရ ကြောင်း သိရသည်။

ထို့အပြင် လက်ရှိကာလသည် မိုးတွင်းကာလဖြစ်သဖြင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများပြားလာပြီး ငှက်ဖျားဆေးလိုအပ်ချက်မှာ ကြီးမားလျက်ရှိနေကြောင်း ဒေသတွင်းကူညီစောင့် ရှောက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ-ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်

#ယနေ့ခေတ်

ပုံစာ – ကရင်နီစစ်ရှောင်ဒေသတွင်း အရေးပေါ်လိုအပ်နေသည့်နေရာများသို့ ဆန်များ ဝေငှပေးနေစဉ်

ကရင်နီ၌ စစ်ရှောင်သုံးသိန်းခွဲထိတိုးလာ၍ စားနပ်ရိက္ခာအခက်အခဲ ကြီးမားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.