ဖနွမ်းပင်၊ ဧပြီ ၂၈
ကမ္ဘောဒီးယားနိုင်ငံရှိ လက်နက်ခဲယမ်းမီးကျောက်ထားရှိရာ ဂိုဒေါင်တွင် ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲမှုများဖြစ်လာခဲ့ပြီးနောက် စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Kampong Speu ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားအများအပြား ဒဏ်ရာရခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီးချုပ် ဟွန်မာနက်က “ လက်နက်ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သားတွေသေဆုံးမှုတွေအတွက် အလွန်အမင်းဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။” ဟု ပြော သည်။
သို့သော်လည်း ကမ္ဘောဒီးယားအစိုးရသည် ပေါက်ကွဲမှုဖြစ်ပွားရသော အဓိကအကြောင်းအရင်းများကို အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
လူမူကွန်ရက်တွင်ထွက်ပေါ်ခဲ့သော ရုပ်သံဖိုင်များထဲတွင် တစ်ထပ်တိုက်အဆောက်အဦး မီးလောင်ကျွမ်းနေသည်ကို ဖော်ပြထားသည်။
ကမ္ဘောဒီးယားစစ်တပ်က စစ်လက်နက်ပစ္စည်းများ အပြည့်တင်ဆောင်ထားသာ ကုန်ကားပျက်စီးခဲ့ပြီး ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် စစ်တန်းလျားများလည်း ပျက်စီးခဲ့ရသလို အနီးနားရှိအိမ်များလည်း ပျက်စီးခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က သေဆုံးခဲ့သောမိသားစုများအတွက် နစ်နာမှုလျော်ကြေး တစ်ဦးကိုအမေရိကန်ဒေါ်လာ ၂ သောင်းပေးမည်ဖြစ်ပြီး ဒဏ်ရာရသူကိုတော့ တစ်ဦးအတွက်အမေရိကန်ဒေါ်လာ ၅ ထောင်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
channelnewsasia.com/asia
ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းရှိ လက်နက်တိုက်မီးလောင် စစ်သား ၂၀ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်