ကမ္ဘာ့နိုင်ငံအချို့ အစ္စရေးကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့မှု ရပ်ဆိုင်း

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၅

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲ လေးလကျော်လာချိန်တွင် အစ္စရေးကို စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးရေးနှင့်ပတ်သက်ပြီး အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကြား သဘောထားကွဲလွဲလာနေကြောင်း သိရသည်။

အစ္စရေးသည် ဂါဇာဒေသကို တိုက်ခိုက်ချိန်အတွင်း လူအခွင့်ရေးချိုးဖောက်မှုများရှိနေသည်ဟု နိုင်ငံတကာလူအခွင့်အရေးအဖွဲ့စည်းများက ဝေဖန်ပြစ်တင်မှုများရှိလာခဲ့ပြီးနောက် အီတလီအပါအဝင် နိုင်ငံအချို့က အစ္စရေးကို စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးခြင်းများ မရှိတော့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး လူမျိုးသုန်းသတ်ဖြတ်မှုများရှိနေသည်ဆိုကာ (ICJ) တွင် စွဲချက်တင်ခြင်းများရှိလာခဲ့ပြီးနောက် နိုင်ငံအများစုသည် အစ္စရေးနိုင်ငံသို့ စစ်လက်နက်ပစ္စည်းတင်သွင်းခြင်းများကို တားမြစ်ပိတ်ပင်ခြင်းများရှိလာခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ လူအခွင့်ရေးအဖွဲ့စည်းများ၏ ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် အီတလီ၊ နယ်သာလန်၊ ဂျပန်၊ စပိန်၊ ဘယ်ဂျီယံနိုင်ငံတို့သည် အစ္စရေးကို စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးခြင်းမရှိတော့ကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီနိုင်ငံတို့က နိုင်ငံတကာဖိအားများရှိနေသာ်လည်း အစ္စရေးကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

အမေရိကန်သည် အစ္စရေးကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလျံအပါအဝင် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေပြီး လက်ရှိအချိန်တွင် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကြား အစ္စရေးကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန်အတွက် ဆွေးနွေးနေကြောင်း သိရသည်။

နယ်သာလန်တရားရုံးသည် ပြီးခဲ့သောရက်ပိုင်းတွင် အစ္စရေးကို အက်ဖ် ၃၅ တိုက်လေယာဉ်နှင့် ဆက်စပ်သောပစ္စည်းများ မရောင်းချရန် တားမြစ်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ဂါဇာဒေသစစ်ပွဲအတွင်း အရပ်သားများ ပိုမိုသေဆုံးစေရန် တိုက်ခိုက်ခြင်းများမရှိကြောင်း ပြောဆိုထားသော်လည်း နိုင်ငံတကာအဖွဲ့စည်းများက အစ္စရေးကိုဝေဖန်ပြစ်တင်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

ကမ္ဘာ့နိုင်ငံအချို့ အစ္စရေးကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့မှု ရပ်ဆိုင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.