ရန်ကုန်၊ မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် မတ် ၆ ရက်၊ နံနက် ၉ နာရီက မော်တော်ယာဥ်သုံးစီး ဆင့်တိုက်မူဖြစ်ပွားကာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ကမ္ဘာအေးဘုရားမုခ်ဦးရှေ့မှာတင် တက္ကစီယာဥ်နှစ်စီးနဲ့ အိမ်စီးကားတစ်စီးတိုက်မိတာ မှန်ပါတယ်။ ဒဏ်ရာရလူနာတွေက သိပ်ပြီးပြင်းပြင်းထန်ထန်မဖြစ်သွားပါဘူး။ မနက်အစောပိုင်းဆိုတော့ ရုံးဆင်း၊ ရုံးတက်ချိန် လူကများတယ်။ ဖြစ်စဥ်အတိအကျတော့ မသိလိုက်ရပါဘူး။ လူနာတွေကို မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မော်တော်ယာဥ်သုံးစီးဆင့်တိုက်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးတွင် နှာခေါင်းသွေးထွက်ယိုဒဏ်ရာ၊ ဒူးခေါင်များပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဦးခေါင်းဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရလူနာများအား မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်း
ကမ္ဘာအေးဘုရားလမ်းတွင် မော်တော်ယာဉ်သုံးစီးဆင့်တိုက် ကလေးငယ်တစ်ဦး အပါအဝင် လူနှစ်ဦးထိခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်