ရန်ကုန်၊ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ လေလံဈေးနှုန်းကို လျော့ချပေးဖို့ ဦးအောင်ဆန်းဦးဘက်က ကမာရွတ်ခရိုင်တရားရုံးသို့ မေ ၂၃ ရက်၊ နံနက် ၁၀ နာရီက အဆိုတင်သွင်းခဲ့ကြောင်း ကမာရွတ်ခရိုင်တရားရုံးမှ သိရသည်။
“ ဒီနေ့ မေ ၂၃ ရက်ရုံးချိန်းမှာ ဦးအောင်ဆန်းဦးဘက်က အရင်သတ်မှတ်ထားတဲ့ လေလံဈေးနှုန်းကိုလျော့ချပြီး လေလံကြမ်းခင်းဈေးသစ်နဲ့ရောင်းချဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။” ဟု ကမာရွတ်ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ခြံအမှတ် ၅၄ ကို ငွေကျပ် ၃၁၅ ဘီလီယံဖြင့် လေလံတင်ရောင်းချရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်က ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ မတ်လ ၂၀ ရက်က လေလံတင်းရောင်းချခဲ့ရာ ဝယ်ယူသူမရှိဘဲ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးအောင်ဆန်းဦးက ကမာရွတ်ခရိုင်တရားရုံးသို့ ငွေကျပ် ၂၈၅ ဘီလီယံဖြင့်သာ လေလံတင်ရောင်းချရန် ဆက်လက်၍ အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
လက်ရှိ လေလံကြမ်းခင်းဈေးသစ်တင်သွင်းခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများဘက်က လက်ခံ၊ မခံကို ပြန်လည်ကြားနာသွားမည်ဖြစ်ကြောင်း ကမာရွတ်ခရိုင်တ ရားရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄
ကမာရွတ်ခရိုင်တရားရုံးသို့ လေလံဈေးနှုန်းနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး အဆိုတင်သွင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်