ကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ​ ​စျေးပေါက်

ရန်ကုန်၊ ဇွန် ၁၀

ပြည်တွင်း​ဒေါ်လာ​စျေးကွက်နှင့် ​ရွှေ​စျေးကွက်တွင် ဇွန် ၁၀ ရက်၊ နံနက် ၉ နာရီက အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၂၅ ကျပ်နှင့် မီးလင်း အခေါက်​ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းခွဲ ​​ပေါက်​စျေးရှိခဲ့​ကြောင်း ရန်ကုန်စ​တော့ပ်မှ သိရသည်။

“ ဒီ​နေ့မနက်ပိုင်းမှာ ​အ​မေရိကန်တစ်​ဒေါ်လာ ၄၃၂၅ ကျပ်နဲ့ မီးလင်း အ​ခေါက်​ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲထိ ​​​စျေးနှုန်း​သတ်မှတ်ခဲ့တယ်။ ​နေ့လည်ပိုင်း ​စျေးနှုန်း​ပြောင်းလဲမှု​တော့ မသိ​သေးပါဘူး။” ဟု ရန်ကုန်စ​တော့ပ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့​ခေတ်သို့ ​ပြောသည်။

ပြည်တွင်း​ရွှေ​စျေးကွက်တွင် အဝယ်​လျော့နည်းခဲ့ပြီး၊ ​ဒေါ်လာ​စျေးကွက်၌ အဝယ်များ​နေ​ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေအရောင်းအဝယ် ရပ်နားထားပြီး၊ ၁၅ ပဲရည် လက်ဝတ်ရတနာအထည်ပစ္စည်းများကိုသာ ရောင်းချကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ​ ​စျေးပေါက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.