ကန်ချနဘူရီ၊ မတ် ၁
ထိုင်း-မြန်မာနယ်စပ်အနီး ဆောင်ခလာဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသူ ၄၉ ဦးကို သောကြာနေ့တွင် အထူးတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက စနေနေ့တွင် ပြောကြားသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်နိုင်ချေရှိပြီး၊ လုံခြုံရေးတပ်ဖွဲ့မှ တွေ့ရှိချိန်တွင် ၎င်းတို့သည် လမ်းလျှောက်သွားလာနေခြင်းဖြစ်သည်။ ဖမ်း ဆီးခံရသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ သက်သေခံစာရွက်စာတမ်းမပါရှိကြောင်း သိရသည်။
စကားပြန်ကတဆင့် ပြောဆိုရာတွင် ၎င်းတို့သည် ဘန်ဘိုရီပွန်မှတဆင့် နယ်စပ်ကိုဖြတ်ပြီး ၎င်းတို့အလုပ်လုပ်ရမည့် စမွတ်စခွန်သို့ သွားရောက်ရန်အတွက် သတ်မှတ်ထားသောနေ ရာသို့ သွားနေကြခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန်အတွက် လှေနှင့်သွားမည်ဖြစ်ပြီး ခရီးဆုံးအရောက်တွင် တစ်ဦးလျှင် ဘတ်ငွေ ၁၅,၀၀၀ ပေးဆောင်ရမည်ဟု ဆိုသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ကန်ချနပူရီတွင် တရားမဝင် ဝင်ရောက်လာသူ ၄၉ ဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်