ကန့်သတ်ချက်ထက် ကျော်လွန်သည့် ပို့ကုန်များကို တရုတ်ဘက်မှ အခွန် ၆၅ ရာခိုင်နှုန်း တိုးကောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၃

လာမည့်နှစ်တွင် ကန့်သတ်ချက်ထက် ကျော်လွန်သည့် ပို့ကုန်များကို တရုတ်ဘက်မှ အခွန် ၆၅ ရာခိုင်နှုန်းအထိ တိုးကောက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် NRDC မှထုတ်ပြန်သည်။

လာမည့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် မြန်မာ့လယ်ယာထွက်ကုန် သုံးမျိုးဖြစ်သည့် ဆန်၊ ဂျုံနှင့် ပြောင်းတို့ကို အကန့်အသတ်ဖြင့်သာ တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ပါရှိသည်။

“အရင်နှစ်က သတ်မှတ်ထားတဲ့ ခွဲတမ်းအတိုင်း တင်ပို့ခိုင်းတာပါ။ သတ်မှတ်ထားတဲ့ ခွဲတမ်းအတိုင်းပို့ရင် အခွန်က တစ်ရာခိုင်နှုန်းပဲဆောင်ရမယ်။ သတ်မှတ်ခွဲတမ်းထက် ပိုပြီးပို့ရင် တရုတ်ဘက်က အခွန်ကို ၆၅ ရာခိုင်နှုန်းထိ တိုးကောက်မယ်။ ဒါဆို ပို့လို့အဆင်မပြေနိုင်တော့ဘူး။” ဟု ပြည်ပသို့ ပြောင်းတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လာမည့် ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရမည့်ခွဲတမ်းမှာ မက်ထရစ်တန် ၇ ဒဿမ ၂ သန်း၊ ဂျုံတင်သွင်းခွင့် မက်ထရစ်တန် ၉ ဒမ ၆၃၆ သန်း၊ ဆန်တင်သွင်းခွင့် မက်ထရစ်တန် ၅ ဒဿမ ၃၂ သန်း ခွင့်ပြုထားကြောင်း သိရသည်။

ဆန်၊ ဂျုံနှင့် ပြောင်းတို့ကို ပြည်ပနိုင်ငံများသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့သလို ပင်လယ်ရေကြောင်း ထွက်ပေါက်များမှလည်း တင်ပို့နေပြီး၊ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်များမှတင်ပို့ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

#အောင်သူရန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ကန့်သတ်ချက်ထက် ကျော်လွန်သည့် ပို့ကုန်များကို တရုတ်ဘက်မှ အခွန် ၆၅ ရာခိုင်နှုန်း တိုးကောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.