ကန့်သတ်ကုန်တွင် ကွမ်းသီးမပါဝင်သော်လည်း စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ဖမ်းဆီးခံရခြင်း ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်တွင်း၌ သတ်မှတ်ထားသည့် ကန့်သတ်ကုန်တွင် ကွမ်းသီးမပါဝင်သော်လည်း စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရခိုင်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်မြောက်ပိုင်း ဂုတ်ပ္ပီတောင်ကျော်လမ်းတွင် သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိသည့် ကွမ်းသီးကား ၁၃ စီးကို နစကမှဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အထက်ပါပုဂ္ဂိုလ်က ပြောကြားခြင်းဖြစ်သည်။

“ သူကတော့ ကန့်သတ်ကုန်ထဲမှာ မပါဘူး။ စာရွက်စာတမ်း မပြည့်စုံလို့ ဖမ်းခံရတာပါ။ ပေါ်လစီကလည်း အမျိုးမျိုးပြောင်းလဲနေတာ။ ပြည်တွင်းစားသုံးမှု အတွက်ဆိုရင် အခြားတိုင်းနဲ့ပြည်နယ်က သွင်းမယ်ဆိုရင် သက်ဆိုင်ရာတိုင်းဒေသ ကြီးက ထောက်ခံချက်လိုပါတယ်။ ပို့ကုန်အတွက်ဆိုရင် ပို့ကုန်လိုင်စင်ပါရမယ်။ QR code ပါရမယ်။” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ အတွင်းရေးမှူး ဦး အောင်အောင်က ပြောသည်။

မောင်တောဒေသသို့ ကွမ်းသီးများ သယ်ယူရာတွင် ယခင်က ရေချမ်းပြင်၊ အငူ မော်၊ အင်းဒင်၊ မောရဝတီ၊ ၃ မိုင်စုပေါင်းအဖွဲ့၊ မြို့ဝင်ဂိတ်၊ သီဟိုဠ်ခြံဂိတ်၊ ဌာန ချုပ်ဂိတ်၊ ၂၄ စစ်ဆေး ရေးဂိတ်တို့တွင် ငွေပေး၍ သွားလာခွင့်ရခဲ့သော်လည်း ရခိုင်ပြည်နယ် တိုင်းမှူးအမိန့်ဖြင့် ကွမ်းသီးကို ကန့်သတ်ကုန်အဖြစ် သတ်မှတ်ပြီး မောင်တောမြောက်ပိုင်းသို့ သယ်ယူခွင့် ပိတ်ထားကြောင်း သိရသည်။

ထို့ကြောင့် စစ်တွေမှ ဘူးသီးတောင်မြို့နယ်၊ ငမြင်းဘော်အထိ ရေကြောင်းဖြင့်သယ်ယူပြီး မောင်တောမြို့နယ်၊ ကြိမ်းချောင်း-ဂုတ်ပ္ပီလမ်းအတိုင်း ကားဖြင့်သယ်ယူနေကြရခြင်းဖြစ် ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ- Ministry of commerce

#ယနေ့ခေတ်

ကန့်သတ်ကုန်တွင် ကွမ်းသီးမပါဝင်သော်လည်း စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ဖမ်းဆီးခံရခြင်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.