ရန်ကုန်၊ နိုဝင်ဘာ ၂၆
နှစ်ဘက်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းသို့ သွားကားလမ်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က စတင်ပိတ်ထားခဲ့ရာမှ နိုဝင်ဘာ ၂၆ ရက် (ယနေ့) တွင် ပြန်လည် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“ ကချင်ပြည်နယ်နဲ့ စစ်ကိုင်လမ်း သွားလာခွင့်ပိတ်ခံထားရတာ မှန်ပါတယ်။ ယနေ့ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ အကြောင်းအရင်းအတိအကျ မသိရပေမယ့် နှစ်ဘက်တိုက်ပွဲကြောင့် သွားခွင့်ပိတ်လိုက်တဲ့သဘောပါ။ ဒီလမ်းမကြီးက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အဓိကဆောင်ရွက်နေရတဲ့ လမ်းပိုင်းပါ။ ပြန်ဖွင့်တော့ ကုန်သယ်တွေအတွက် အဆင်ပြေတာ ပေါ့။” ဟု ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ကချင်ပြည်နယ်နှင့် စစ်ကိုင်းမြို့နယ်သို့ ဖြတ်သန်းသွားလာရသည့် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ပင်လိုက်ခြင်းကြောင့် လူသုံးကုန်ပစ္စည်းများနှင့် စက်သုံးဆီ၊ စားအုန်းဆီ၊ ဆန်၊ ဒေသထွက်ဟင်းသီးဟင်းရွက်များအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများလည်း စျေးမြင့်တက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နှင့် စစ်ကိုင်း ကားလမ်းမကြီး ပြန်လည်ဖြတ်သန်းခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်