ရန်ကုန်၊ မေ ၆
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအနီးတွင် မေလ ၂ ရက်၊ နံနက်ပိုင်းက မိုးကြိုးထိမှန်မှုကြောင့် နွား ၂၄ ကောင်သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
အဆိုပါနွားများသည် ဆားမှော်ကျေးရွာတောင်ခြေရှိ ချောင်းအနီးတွင် နွားများကိုလွှတ်ကျောင်းနေစဉ် မိုးကြိုးထိမှန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
“ ရုတ်တရက် မိုးလည်းရွာတယ်။ မိုးကြိုးတွေလဲ အရမ်းပစ်တယ်။ အဲ့အချိန်မှာထိတာ။ ထိတဲ့နွားတွေက ပုံမှန်အတိုင်းဘဲ နွားတွေကိုလှန်ထားတာ။ မိုးကြိုးကနွားတွေကို တိုက်ရိုက်ထိတဲ့ပုံစံတော့ မဟုတ်ဘူး။ စက်ကွင်းမိတဲ့ပုံစံ ဖြစ်နေတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
သေဆုံးသွားသည့်နွားများမှာ ဆားမှော်ကျေးရွာနေ ဒေသခံတစ်ဦးပိုင်သည့်နွားများဖြစ်ပြီး မိုးကြိုးသည်နွားများကို လွှတ်ကျောင်းထားသည့်ဘေးရှိ သစ်ပင်အားထိမှန်ကာ နွားများနားစည်ကွဲကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ကချင်ပြည်နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် နွား ၂၄ ကောင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်