ပါဟယ်လ်ဂမ်၊ ဧပြီ ၂၃
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကက်ရှ်မီးယားတွင် အဆိုးရွားဆုံးသော တိုက်ခိုက်မှုအတွင်း သေနတ်သမားများက ခရီးသွားဧည့်သည်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၂၆ ဦးသေဆုံးခဲ့သည်။
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက “ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို ရှုတ်ချပြီး တိုက်ခိုက်သူများအတွက် တရားမျှတမှု ပြန်လည်ပေးအပ်သွားမည်ဟု ကတိစကားပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မိုဒီသည် ဆော်ဒီအာရေးဗီးယားနိုင်ငံခရီးစဉ်ကို နောက်ပြန်လှည့်ခဲ့ပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းက အိန္ဒိယသို့ပြန်ရောက်ရှိချိန်တွင် ထိပ်တန်းလုံခြုံရေးအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အင်္ဂါနေ့မွန်းလွဲပိုင်းတွင် သေနတ်သမားများက လူကြိုက်များသော ခရီးသွားနေရာတစ်ခု၌ ခရီးသွားဧည့်သည်များကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက AFP သို့ ပြောကြားသည်။
ကက်ရှ်မီးယားဝန်ကြီးချုပ် အိုမာ အဗ္ဗဒူလာက အဆိုပါတိုက်ခိုက်မှုသည် မကြာသေးမီနှစ်များအတွင်း အရပ်သားများကိုဦးတည်သော တိုက်ခိုက်မှုများတွင် ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသမျှထက် ပိုမိုကြီးမားသည်ဟု ပြောကြားသည်။
မည်သည့်အဖွဲ့မှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း မွတ်ဆလင်အများစုနေထိုင်ရာဒေသရှိ သူပုန်များသည် ၁၉၈၉ ခုနှစ်ကတည်းက သူပုန်ထခဲ့ကြသည်။ ၎င်းတို့သည် ကက်ရှ်မီးယားဒေသ၏ သေးငယ်သောအစိတ်အပိုင်းကို ထိန်းချုပ်ထားပြီး ပါကစ္စတန်နှင့်ပေါင်းစည်းရန် ကြိုးပမ်းနေသည်။
“ကျွန်တော်တို့ရဲ့ ဧည့်သည်တွေကို ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပါတယ်” ဟု အဗ္ဗဒူလာက တိုက်ခိုက်မှုအပြီး ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မိုဒီသည် နယူးဒေလီတွင် အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်နှင့်တွေ့ဆုံပြီးနောက် တစ်ရက်အကြာတွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ သူတို့ရဲ့ ဆိုးရွားတဲ့အစီအစဉ်ဟာ ဘယ်တော့မှအောင်မြင်မှာ မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကိုတိုက်ဖျက်ဖို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ပိုမိုအားကောင်းလာမှာပါ” ဟု မိုဒီက တိုက်ခိုက်မှုအပြီးမကြာမီ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အင်္ဂါနေ့ကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “ဤပြင်းထန်လှသောတိုက်ခိုက်မှုကို ကျူးလွန်သူများအား အရေးယူရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိစေရန် အိန္ဒိယနိုင်ငံအား အပြည့်အဝထောက်ခံအားပေးကြောင်း” ဝန်ကြီးချုပ်မိုဒီအား ပြောကြားသည်။
၂၀၂၄ ခုနှစ်တွင် ကက်ရှ်မီးယားသို့ ကမ္ဘာလှည့်ခရီးသည် ၃.၅ သန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး၊ အများစုမှာ ပြည်တွင်းခရီးသွားများဖြစ်သည်။
Ref: Bangkok Post
#ယနေ့ခေတ်
ကက်ရှ်မီးယားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခရီးသွားဧည့်သည် ၂၆ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်