ကောင်းထက်ငွေ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံဟာ မြန်မာနိုင်ငံရေးအကျပ်တည်းကို ဖြေရှင်းနိုင်အောင်ကူညီပေးဖို့ ကြားဝင်ဆောင် ရွက်ခဲ့ပြီး ၂ နှစ်ကျော်ချိန်အထိ သိသာတဲ့ တိုးတက်မှုများမရှိဘဲ ဖြစ်နေခဲ့ပါတယ်။
အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းမှာ နစကအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက် ငါး ချက် လက်မှတ်ရေးထိုးခဲ့ပေမယ့် အဲဒီသဘောတူညီချက်တွေကို သိသာတိုးတက်အောင် အကောင်ထည်ဖော်နိုင်ခြင်းမရှိဘူးလို့ ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး အရှေ့တီမောဝန်ကြီးချုပ် ဇာနာနာ ဂတ်စမိုရဲ့ ဝေဖန်ပြစ်တင်မှုတွေဟာ အကျယ်လောင်ဆုံးဖြစ်လာခဲ့ပါတယ်။
အရှေ့တီမောနိုင်ငံဟာ ယခင်က အင်ဒိုနီးရှားလက်အောက်ခံဖြစ်ခဲ့ပေမယ့် ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုများကြောင့် ၂၀၀၂ ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့ပြီး အချုပ်အခြာအာ ဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ အရှေ့တီမောနိုင်ငံဟာ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ မူအားဖြင့်သဘောတူညီခဲ့ကြပြီး တင်းပြည့်အဖွဲ့ဝင်နိုင်ငံမဖြစ်သေးဘဲရှိနေပါ တယ်။
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် တော့မှာမဟုတ်ဘူးလို့ အရှေ့တီမောဝန်ကြီးချုပ် ဇာနာနာ ဂက်စမိုက ပြောပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေဖို့ နစကအဖွဲ့ခေါင်းဆောင်တွေကို လက်ခံယုံကြည်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး အာဆီယံအဖွဲ့ဟာ နစက ခေါင်းဆောင်တွေကို လက်ခံယုံကြည်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် မပါဝင်တော့မယ့်အကြောင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာ ရက်စ်ထံ အသိပေးအကြောင်းကြားထားတယ်လို့ အရှေ့တီမောဝန်ကြီးချုပ် ဂက်စမိုက ပြောပါတယ်။
အရှေ့တီမောဝန်ကြီးချုပ်က “ အာဆီယံအဖွဲ့ဟာ နစကကို လက်ယုံကြည်လက်ခံအောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူးဆိုရင် အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ကို ယုံကြည်မှုရှိမှာ မဟုတ်ဘူး။ ဒါဟာ အာဆီယံနဲ့ပတ်သက်ပြီး အရှေ့တီမောနိုင်ငံရဲ့ ရပ်တည်ချက်သဘောထားဖြစ်ပါတယ်။ ကျွန်တော်ဟာ အရှေ့တီမောနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့အတွက် အာဆီယံ ဟာ နစကကို လက်ခံယုံကြည်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင် အာဆီယံအဖွဲ့ထဲကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်မှာမဟုတ်ဘူး။ ဒီသဘောထားကို ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ထံကိုလည်း အသိပေးထားတယ်။” လို့ပြောပါတယ်။
ဇာနာနာ ဂက်စမိုဟာ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးရယူနိုင်ဖို့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို လွှတ်လပ်ရေးသူရဲကောင်းအဖြစ် ချီးကျူးခံနေရပြီး အရှေ့တီမော နိုင်ငံရဲ့ ပထမဆုံးသမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့အတွက် မြန်မာနိုင်ငံရေးအကျပ်တည်းကို ဖြေရှင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်နေဆဲဖြစ်ပါ တယ်။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ချဉ်းကပ်ရာမှာ ၂၀၂၂ ခုနှစ်တုန်းက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ သံတမန် ရေးနည်းလမ်းမျိုးနဲ့မတူဘဲ Quite Diplomacy ပုံစံမျိုးနဲ့ ချဉ်းကပ်နေပြီး နစက အပါအဝင် မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့ အစုအဖွဲ့များနဲ့ ၇ လအတွင်း အကြိမ်ပေါင်းအနည်းဆုံး ၁၁၀ ကျော် တွေ့ဆုံဆွေးနွေးထားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေဟာ မျှော်လင့်သလောက် တိုးတက်မှုမရှိဘဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဝေဖန်သံတွေလည်းရှိနေပါတယ်။
နစကဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ရွေးကောက်ပွဲ တစ်ကျော့ပြန်ကျင်းပမယ်လို့ အရင်က ကတိပေးခဲ့ဖူးပေမယ့် လုံခြုံရေးအခြေနေများကြောင့် ရွေးကောက်ပွဲကျင်းမယ့် အစီအ စဉ်ကို ရွှေ့ဆိုင်းခဲ့သလို နိုင်ငံတော်အရေးပေါ်အခြေအနေကာလကို ထပ်မံသက်တမ်းတိုးခဲ့တယ်လို့ ဇူလိုင် ၃၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နစကခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ရတဲ့ အဓိ ကအကြောင်းအရင်းဖြစ်တယ်လို့ ဆိုပါတယ်။ နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ရွေးကောက်ပွဲကျင်းပမယ်ဆိုရာမှာ ရွေးကောက်ပွဲက လွှတ်လပ်မျှတမှုရှိပြီး စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ မဲပေးခွင့်ရှိဖို့လိုအပ်တယ်။ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ လိုအပ်နေဆဲဖြစ်တဲ့အတွက် နိုင်ငံတော်အရေးပေါ်အခြေအနေ သက်တမ်းတိုးဖို့လိုအပ် နေပါတယ်။” လို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်ကို ဆိုင်းငံ့ပြီး အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အရေးပေါ်အခြေအနေ သက်တမ်းထပ်မံတိုးလိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေအပြင် အကြမ်းဖက်မှုတွေ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိ တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံရေးဆိုင်ရာ အခက်ခဲနဲ့ လူသားချင်း ဆိုင်ရာ စာနာမှုအကူအညီ လိုအပ်မှုတွေ ပိုမိုဖြစ်လာခဲ့ပါတယ်။
“ ကုလသမဂ္ဂရဲ့အဆိုအရ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူအရေအတွက် ၁ ဒသမ ၉ သန်းကျော်ရှိလာနေပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရသူ အနည်းဆုံးလူပေါင်း ၃,၈၇၅ ဦးရှိနေခဲ့ပြီး လူပေါင်း ၂၄,၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။” ကုလသမဂ္ဂရဲ့အဆိုအရ လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူအရေအတွက် ၁ ဒသမ ၉ သန်းကျော်ရှိလာနေပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရသူ အနည်းဆုံးလူပေါင်း ၃,၈၇၅ ဦးရှိနေခဲ့ပြီး လူပေါင်း ၂၄,၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။”
မြန်မာနိုင်ငံရေးအခက်ခဲဟာ အလွယ်တကူဖြေရှင်းလို့မရဘဲ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေရှိနေပြီး မြန်မာနိုင်ငံရေး အကျပ်တည်းမှာပါဝင်နေတဲ့ အဖွဲ့စည်းအားလုံး ပြဿနာတွေကိုဖြေ ရှင်းလိုစိတ် အမှန်တကယ်ရှိမှသာ အခက်ခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုယ်တိုင်က “ မြန်မာနိုင်ငံရေးပြဿနာဟာ အလွန်ခက်ခဲရှုပ်ထွေးတဲ့ပြဿနာပါ။ မြန်မာနိုင်ငံရေးအခက်အခဲဟာ အဖွဲ့အ စည်းနှစ်ခုတည်းကြားဖြစ်နေတဲ့ ပဋိပက္ခမျိုး မဟုတ်ဘူး။ အဖွဲ့အစည်းသုံးခုကနေ ငါးခုကြားဖြစ်နေတဲ့ ပြဿနာမျိုးဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေး အခက်အခဲတွေကို ဖြေ ရှင်းနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ ဒီပြဿနာကိုဖြေရှင်းလိုတဲ့ စိတ်ဆန္ဒအမှန် တကယ်ရှိဖို့လိုအပ်တယ်။ မြန်မာနိုင်ငံရေး ပြဿနာဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာကို သတိထားမိပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် လက်ရှိအခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်” လို့ ပြောပါတယ်။
ကောင်းထက်ငွေ
REF news-viptv./jakartaglobe
အရှေ့တီမောဝန်ကြီးချုပ်တောင်းဆိုတဲ့အတိုင်းမြန်မာနိုင်ငံရေးအခက်ခဲပြဿနာတွေကိုအာဆီယံအဖွဲ့အမှန် တကယ်ဖြေရှင်းပေးနိုင်မှာလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်