အမြစ်တွယ်နေတဲ့ ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေကို ထိုင်းအစိုးရ အဖွဲ့သစ် ဖြေရှင်းနိုင်မလား

ကောင်းထက်ငွေ

ဖြူထိုင်းပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ မဟာမိတ်ညွှန်ပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ ထိုင်းအစိုးရအဖွဲ့အသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကာ တာဝန်ယူလိုက်ပြီဖြစ်ပါတယ်။ ထိုင်းအစိုးရသစ်ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဖွယ်ရှိနေရာ ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုပြဿနာက ထိုင်းအစိုးရ သစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ထိပ်တန်းအရာရှိကြီးများ ပါဝင်နေပြီး ယခင်အစိုးရလက်ထက်ကတည်းက စွဲချက်တင် ဖမ်းဆီးခံရမှုတွေ ရှိ နေခဲ့ပါတယ်။ ထိုင်းပြည်သူတွေကြားမှာလည်း ရဲတပ်ဖွဲ့အပါအဝင် ထိုင်းအစိုးရအဖွဲ့ဌာနတွေနဲ့ အင်စတီကျူးရှင်းတွေဟာ မာဖီးယားဂိုဏ်းတွေရဲ့ လက်ကိုင်တုတ်လိုမျိုး ဖြစ်နေတယ် လို့ စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ NIDA အဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ထိုင်းအစိုးရစနစ်အတွင်းမှာ အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေတယ်လို့ မကြာ သေးမီက ထုတ်ဖော်ဝေဖန်ခဲ့ပါတယ်။ မြန်မာ မူးယစ်ရာဇာတစ်ဦးကို ထိုင်းအစိုးရက လျှပ်စစ်ဓါတ်အားရောင်းချမှုမှာ အကျင့်ပျက်လာဘ်စားမှုတွေ ရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီး နောက် ထိုင်းအစိုးရကို ဝေဖန်လိုက်တာဖြစ်ပါတယ်။

Move Forward ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ Rangsiman Rome က မြန်မာမူးယစ်ရာဇာတစ်ဦးထံ ရောင်းချတဲ့ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား ရောင်းချမှုစာချုပ်ကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲဟောင်းနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ရဲ့ လေကြောင်းအဖွဲ့တွေ ပါဝင်နေတယ်လို့ ဆိုခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ Rangsiman Rome က ဝန်ကြီးချုပ် ဆာရက် သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့သစ်ဟာ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး တရားစွဲမှာလား ဆိုတဲ့အချက်ကို လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်အသစ်ရဲ့ မူဝါဒပိုင်းဆိုင်ရာ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်ပြီး အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပတ်သက်တဲ့ အဆိုပြုကမ်းလှမ်းချက်တွေဟာ မရေမရာဖြစ်နေ တယ်လို့ ၎င်းက ထပ်မံသုံးသပ်ပြောဆိုခဲ့ပါတယ်။

ထိုင်းအစိုးရအဖွဲ့သစ်ရဲ့ မူဝါဒတွေကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံအတွက် အရေးကြီးကိစ္စတွေကို ဖြေရှင်းရမယ့်အစား ညွှန်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်နေတဲ့ ပါတီတွေနဲ့ အဆင်ပြေစေဖို့ကို ဦးစားပေးလုပ်ဆောင်ထားတယ်လို့ အတိုက်ခံတွေက ဝေဖန်ထားပါတယ်။

ထိုင်းအစိုးရအဖွဲ့သစ်ဟာ အစိုးရစနစ်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေတာကို ဦးစားပေးဖြေရှင်းရမှာ ဖြစ်တယ်လို့ Move Forward ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက သုံး သပ်ထားပါတယ်။ အထူးသဖြင့် ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေကို အဓိကဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးရေးဂိတ်တွေ မှာ ငွေညစ်ခြင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အကာကွယ်ပေးဖို့ ငွေကြေးတောင်းခံ ခြိမ်းခြောက်တာအပြင် အကျင့်ပျက်လာဘ်စားမှု အလေ့အကျင့်တွေကို စွဲမြဲနေကြောင်း Move Forward ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Rangsiman Rome က ပြောပါတယ်။

ထိုင်းအစိုးရစနစ်မှာ ရဲတွေဟာ လုပ်ပိုင်ခွင့်အာဏရှိဖို့ ငွေကြေးကို အသုံးချနေပြီး ရာထူးတာဝန် ထမ်းဆောင်မယ့် နေရာတွေကို ငွေကြေးနဲ့ ဝယ်ယူလို့ရနိုင်ကြောင်း၊ အဆင့်နိမ့် ရဲတပ်ဖွဲ့ဝင်တွေအတွက်တော့ မမျှတသလိုမျိုး ဖြစ်နေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့အတွင်းမှာ အထက်လူကြီး ဒါမှမဟုတ် လုပ်ပိုင်ခွင့်အာဏာရှိသူကို ငွေကြေးပေးဆောင်နိုင်ခြင်း မရှိပါက ရဲတပ်ဖွဲ့ဝင်အချို့ဟာ မရင်းနှီးတဲ့ နေရာ၊ အံဝင်မှုမရှိတဲ့ နေရာတွေ ကို ရွှေ့ပြောင်းခြင်းများရှိနေပြီး အဲဒီပြောင်းရွှေ့အမိန့်ကို မလိုက်နာပါက စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲဆိုခံရကာ ထောင်ဒဏ် ၉ လအထိ အပြစ်ပေးအရေးယူခံခြင်းတွေ ရှိနေခဲ့ တယ်လို့ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့အတွင်းမှာ အကျင့်ပျက်လာဘ်စားမှုတွေ မကြာခဏ ရှိနေတဲ့အတွက် ယခင်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာကိုယ်တိုင် လာဘ်စားတဲ့ ရဲတပ်ဖွဲ့ အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေကို အရေးယူမယ်လို့ ပြီးခဲ့တဲ့နှစ်က သတိပေးခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေမှာ ရဲတပ်ဖွဲ့ အကြီးအကဲတွေကိုယ်တိုင် ပါဝင်ဆက်နွယ်နေပြီး ပြီးခဲ့တဲ့နှစ်မှာ ရဲချုပ်တစ်ဦးဖြစ်တဲ့ Chakthip Chaijinda နဲ့ အခြား ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက်တင်ခဲ့တယ်လို့ ထိုင်းအကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆိုပါတယ်

ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေမှာ ရဲတပ်ဖွဲ့ အကြီးအကဲတွေကိုယ်တိုင် ပါဝင်ဆက်နွယ်နေပြီး ပြီးခဲ့တဲ့နှစ်မှာ ရဲချုပ်တစ်ဦးဖြစ်တဲ့ Chakthip Chaijinda နဲ့ အခြား ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက်တင်ခဲ့တယ်လို့ ထိုင်းအကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အကြီးအကဲတွေဖြစ်တဲ့ ရဲ ဒုတိယဗိုလ်ချုပ်ကြီး Theerayut Kittiwat,၊ ရဲချုပ်တွေဖြစ်တဲ့ Satja Khachahiran, Saman Sudjai, တို့အပါ အဝင် ထိုင်းရဲတပ်ဖွဲ့ရဲ့ ထိပ်တန်းအရာရှိကြီးတွေဟာ ထိုင်းဘတ် ၃ ဒသမ ၇ ဘီလျံ အကုန်ကျခံတည်ဆောက်မယ့် အိမ်ယာစီမံကိန်းမှာ အကျင့်ပျက်လာဘ်စားမှုတွေ ရှိတယ်လို့ စွပ်ချက်တင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ အရာရှိကြီးများ အရေးယူခံရမှုတွေ ရှိနေပေမယ့် ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ရာ ထိုင်းအကျင့်ပျက်လာဘ်စားမှု တိုက် ဖျက်ရေးအဖွဲ့အစည်း ACT က ထိုင်းအကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကာ်မရှင်အနေ NACC အနေနဲ့ ရဲတပ်ဖွဲ့အတွင်း တာဝန်ယူထမ်းဆောင်နေတဲ့ ရဲချုပ်အဆင့်နဲ့အထက် တာဝန်ထမ်းဆောင်နေသူများ၊ အငြိမ်းစားယူထားတဲ့ ထိုင်းရဲတပ်ဖွဲ့ အရာရှိကြီးများရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အကောင့်တွေကို စစ်ဆေးရမယ်လို့ တိုက်တွန်းခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အကျင့်ပျက်လာဘ်စားမှု အများဆုံးကျူးလွန်နေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပြီး ကမ္ဘာကျော် အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ Transparency International က ထုတ်ပြန်တဲ့ အကျင့်ပျက်လာဘ်စားမှု အများဆုံးနိုင်ငံများစာရင်း အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၀၀ နဲ့ အထက်မှာ ရပ်တည် နေပါတယ်။

ရဲတပ်ဖွဲ့အတွင်း ငွေကြေးပေးနေတဲ့ တပ်ဖွဲ့ဝင်တွေကို တာဝန်ထမ်းဆောင်လိုတဲ့ နေရာချထားပေးနေခြင်းဟာ ရဲဝန်ထမ်းကောင်းများ ဆုံးရှုံးရသလိုမျိုး ဖြစ်နေတယ်လို့ Move Forward ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ Rangsiman Rome က သုံးသပ်ထားပါတယ်။

၎င်းက “ ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေတာကို ဖြေရှင်းမယ်ဆိုရင် ရဲတပ်ဖွဲ့နဲ့ ဆက်နွယ်နေသူများအပါအဝင် အမြစ်ကလှန် ဖြေရှင်းရမှဖြစ်တယ်။ ရဲတပ်ဖွဲ့အ တွင်း ရာထူးတိုးဖို့၊ နေရာကောင်းကို ရွှေ့ပြောင်းဖို့ဆိုတာက ကုန်သွယ်မှုသဖွယ်ဖြစ်နေတယ်။” လို့ပြောပါတယ်။

ထိုင်းအစိုးရစနစ်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ အမြစ်တွယ်နေကြောင်း၊ အဲဒီလိုမျိုး အမြစ်တွယ်နေတာတွေကလည်း လုပ်ပိုင်ခွင့် အာဏာရှိသူတွေကို မစစ်ဆေးရဆိုတဲ့ စနစ်ကြောင့် ဖြစ်လာတာဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပါ တယ်။

ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေတာက ရဲတပ်ဖွဲ့ရဲ့ လုပ် ငန်းတာဝန်တွေကို အားနည်းမှုများ ဖြစ်လာစေခြင်း၊ ရဲတပ်ဖွဲ့ဝင်များသေဆုံးမှု မြင့်တက်လာခြင်း၊ မူးယစ်မှောင်ခိုတင်သွင်းမှု မြင့်တက်လာခြင်း၊ နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် မူခင်းဖြစ်ပွားမှု မြင့်တက်လာခြင်းတွေ ရှိလာစေခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ထိုင်းရဲပတ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ရှိတာကို ဖြေရှင်းနိုင်အောင် အလျင်မြန်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့အပြင် နိုင်ငံပုံရိပ်ပိုမိုကောင်းမွန်စေဖို့ အပြောင်းအလဲတွေဖြစ် အောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ Move Forward ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေတာက နှစ်ပေါင်းများစွာကြာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်တဲ့အတွက် ဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရ အဖွဲ့သစ်အနေနဲ့ ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းစေပါတယ်။ ထိုင်းရဲတပ်ဖွဲ့အပါအဝင် ထိုင်းအစိုးရအဖွဲ့အတွင်း နှစ်ပေါင်းများစွာကြာဖြစ်ခဲ့တဲ့ အကျင့်ပျက်လာဘ် စားမှုတွေ ထိုင်းအစိုးရအဖွဲ့သစ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲ အဓိကအရေးကြီးဆုံး စိန်ခေါ်မှုဖြစ်နေတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

ကောင်းထက်ငွေ

REF rangsiman-rome-exposes-government-corruption-and-challenges-pms-policy-in-thailand

#ယနေ့ခေတ်

အမြစ်တွယ်နေတဲ့ ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေကို ထိုင်းအစိုးရ အဖွဲ့သစ် ဖြေရှင်းနိုင်မလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.