အစ္စရေးနဲ့ ဟားမက်စ်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲက ဘယ်နိုင်ငံကို အကျိုးကျေးဇူး ဖြစ်စေခဲ့သလဲ

#ကောင်းထက်ငွေ

အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရုရှားနိုင်ငံအတွက်တော့ အကျိုးကျေးဇူးများရှိခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိနေပါ တယ်။

ဒီစစ်ပွဲ စတင်ဖြစ်ပွားလာခဲ့ခြင်းကြောင့် ကမ္ဘာမီဒီယာတွေနဲ့ အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ အာရုံစိုက်မှုတွေဟာ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲ အပေါ် အာရုံစိုက်မှု လျော့နည်းသွားခဲ့ရာ ရုရှားနိုင်ငံအတွက် အခွင့်ရေးကောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။

ဂါဇာဒေသမှာဖြစ်ပွားတဲ့ စစ်ပွဲဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေအပေါ် စစ်ရေးနဲ့ စီးပွားရေးအထောက်အပံ့ရဖို့ အလွန်မင်းမှီခိုနေတဲ့ ယူကရိန်းနိုင်ငံအတွက် တော့ သတင်းဆိုးတစ်ရပ် ဖြစ်လာစေခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဂါဇာဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အနောက်အုပ်စုနိုင်ငံတွေရဲ့ ယူကရိန်း နိုင်ငံအပေါ် ကူညီထောက်ပံ့ပေးမှုတွေ၊ စွမ်းအင်နဲ့ အခြားအရင်းမြစ်တွေ ပံ့ပိုးနေတာတွေ လျော့နည်းသွားမယ်လို့ ရုရှးအစိုးရက မျှော်လင့်ထားပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲကို အချိန်ဆွဲ တိုက်ခိုက်နေခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေကို အကျပ်တည်းနဲ့ ဖိအားပေးနိုင်ဖို့ ရည်ရွယ်ထားပုံရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဂါဇာဒေသစစ်ပွဲဟာ ယူကရိန်းနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ကူညီထောက်ပံ့ပေးမှုအားလုံး တဖြည်းဖြည်းလျော့နည်းလာဖွယ် ရှိနေပါတယ်။ ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းတည်းက ယူကရိန်းကို ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်းများကို အဓိကပံ့ပိုးကူညီပေးတဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်အတွက်လည်း အစ္စရေးနဲ ဟားမက်စ်အုပ်စုကြား စစ်ပွဲဖြစ်လာမှုက အကျပ်တည်းများစွာ ဖြစ်လာဖွယ်ရှိနေပါတယ်။

အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲမဖြစ်ပွားခင်တည်းက အမေရိကန်လွှတ်တော်အတွင်းမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးရေးနဲ့ ပတ်သက်ပြီး ရီပတ်ဘလီ ကန်ပါတီအမတ်တွေက ကန့်ကွက်ဝေဖန်မှုများရှိနေခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ ယူကရိန်းနဲ့ အစ္စရေးနိုင်ငံကို ငွေကြေးကူညီထောက်ပံ့ပေးနိုင်ဖို့ လွှတ်တော်ထံ တောင်းခံထား ပေမယ့် အဲဒီတောင်းခံမှုဟာ ရာနှုန်းပြည့်အောင်မြင်ဖို့ အလားလာနည်းနေပါတယ်။ အထူးသဖြင့် အစ္စရေးအတွက် ကူညီပေးမယ့် စစ်ရေးအကူညီက အဆင်ပြေချောမွေပေမယ့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့် စစ်ရေးအကူအညီငွေကြေးက အဟန့်အတားများရှိနေပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ယူကရိန်းကို ယခင်က ပေးပို့ကူညီနေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ယူကရိန်းအစား အစ္စရေးနိုင်ငံထံ ပိုမိုပေးပို့ရဖွယ် ရှိနေတယ်လို့ သုံးသပ်နေပါတယ်။

အထူးသဖြင့် အစ္စရေးအတွက် ကူညီပေးမယ့် စစ်ရေးအကူညီက အဆင်ပြေချောမွေပေမယ့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့် စစ်ရေးအကူအညီငွေကြေးက အဟန့်အတားများရှိနေပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ယူကရိန်းကို ယခင်က ပေးပို့ကူညီနေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ယူကရိန်းအစား အစ္စရေးနိုင်ငံထံ ပိုမိုပေးပို့ရဖွယ် ရှိနေတယ်လို့ သုံးသပ်နေပါတယ်

အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရုရှားနိုင်ငံကို ဒေသအတွင်း သြဇာလွမ်းမိုးမှုနဲ့ ရပ်တည်မှု ပိုမိုကောင်းမွန်လာစေဖို့ အခွင့်အရေးများလာဖွယ် ရှိနေပါတယ်။ ရုရှားနိုင်ငံဟာ ဆိုဗီယက်ခေတ်ကတည်းက အရှေ့အလယ်ပိုင်းဒေသမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံဖြစ်ပါတယ်။ ရုရှားဟာ အစဉ်အလာအားဖြင့် အာ ရပ်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့ နိုင်ငံဖြစ်ပြီး၊ ရေနံဈေးကွက်ကို ထိန်းချုပ်နိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံအပြင် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အပြန်အလှန် ဆက် ဆံရေးတိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ရုရှားနဲ့ အစ္စရေးနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီး နောက်ပိုင်းကတည်းက ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲစတင်ဖြစ်ပွား လာချိန်မှာတော့ နှစ်နိုင်ငံကြားဆက်ဆံရေး အေးစက်စေခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းမှာ ရုရှားနိုင်ငံတိုက်ရိုက်ပါဝင်လာခြင်းကြောင့် အစ္စရေးနဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးဟာ အဖုအထစ်တွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံနဲ့ ဆက်ဆံရေး အေးစက်ခဲ့ပေမယ့် အီရန်နိုင်ငံနဲ့ သမိုင်းဝင်ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ပါတယ်။ အီရန်နိုင်ငံဟာ ရုရှးနိုင်ငံကို ဒရုန်းတွေလည်း ကူညီပံ့ပိုးပေးခဲ့ဖူးရာ နှစ်နိုင်ငံကြားဆက်ဆံရေး ခိုင်မာအားကောင်းခဲ့ပါတယ်။

ရုရှားဟာ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်မှုတွေကို လူသိရှင်ကြားဝေဖန်ခဲ့ပြီး ဟားမက်စ် လက်နက်ကိုင်အပြင် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေး ပိုမိုတည်ဆောက်နိုင်ခဲ့ပါတယ်။

ရုရှားအစိုးရအဖွဲ့ဟာ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရရဲ့ သံတမန်ရေး မအောင်မြင်မှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုအရှိန်မြင့်တက်အောင် လုပ်ဆောင်နေတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားလာတဲ့စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်လာရာ ရေနံနဲ့ ဓါတ်ငွေ့ဈေးနှုန်းများလည်း မြင့်တက်လာဖွယ်ရှိနေခြင်းအပေါ် ရုရှားနိုင်ငံက စီးပွားရေးအရ အကျိုးကျေးဇူးများစွာ ရဖွယ်ရှိနေပါတယ်။ ရေနံနဲ့ ဓါတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများအတွက် အခက်ခဲဖြစ်လာဖွယ် ရှိနေပေမယ့် ရေနံနဲ့ ဓါတ်ငွေ့အများအပြား ထုတ်လုပ်နိုင်စွမ်းရှိနေတဲ့ ရုရှားနိုင်ငံအတွက်တော့ အကျိုးကျေးဇူးများ ထပ်မံဖြစ် လာဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားလာမှုဟာ အချိန်တစ်လကျော်လာပြီး ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုအာရုံစိုက်နေရာ အဲဒီစစ်ပွဲ အချိန်ကြာလာမယ်ဆိုရင် ရုရှားနိုင်ငံနဲ့ ယူကရိန်းစစ်ပွဲအပေါ် အာရုံစိုက်မှု၊ ကူညီမှုတွေက ပိုမို လျော့နည်းလာဖွယ်ရှိနေရာ ရုရှားနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးအကျိုးမြတ်များစွာ ဖြစ်လာဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ ရုရှားဟာ ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်နွဲပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရပဲ ဖြစ်နေရာ စစ်ပွဲအချိန် ထပ်ကြာခဲ့မယ်ဆိုရင် ယူကရိန်းအပေါ် အနောက်အုပ်စုတွေရဲ့ အာရုံစိုက်မှု၊ ကူညီထောက်ပံ့ပေးမှုတွေလည်း ပိုမိုလျော့နည်းလာဖွယ် ရှိနေပါတယ်။

ယူကရိန်းဟာ ရုရှားနိုင်ငံနဲ့စစ်ဖြစ်နေရာမှာ ကိုယ်နိုင်ငံအရင်းအမြစ်ထက် အနောက်အုပ်စုရဲ့ငွေကြေး၊ စစ်လက်နက်ပစ္စည်းတွေကို အလွန်အကျွံ့ မှီခိုနေရတဲ့အတွက် လိုအပ်တဲ့အကူ အညီတွေကို မရဘူးဆိုရင် ယူကရိန်းဟာ ရုရှားနိုင်ငံကို ယှဉ်တိုက်နိုင်မှာမဟုတ်ပဲ ရုရှားနိုင်ငံအတွက် အကျိုးကျေးဇူးများစွာရဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာလည်း အနောက်အုပ်စုဝင် နိုင်ငံအချို့ဟာ ယူကရိန်းနိုင်ငံကို ဆက်လက်ထောက်ပံ့ပေးဖို့ လိုလားမှုမရှိတော့တဲ့အတွက် ယူကရိန်းကို ရုရှားနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးဖို့ တွန်းအားပေးနေပါတယ်။

အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ စစ်ပွဲဟာ ဒေသအတွင်းစစ်ပွဲအထိ ဦးတည်ဖွယ်ရှိနေတဲ့ အလားလာတွေရှိနေရာ စစ်ပွဲအချိန် ပိုကြာလာမယ်ဆိုရင် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ကူညီပေးမှုတွေလျော့ချပြီး အစ္စရေးနိုင်ငံကို ပိုမိုကူညီပေးဖွယ်ရှိနေရာ ရုရှားနိုင်ငံအတွက်တော့ လက်ရှိထက် ပိုမိုအကျိုးများဖွယ်ရှိနေ ပါတယ်။

#ကောင်းထက်ငွေ

Ref Russia seeks benefit from the Gaza conflict

#ယနေ့ခေတ်

အစ္စရေးနဲ့ ဟားမက်စ်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲက ဘယ်နိုင်ငံကို အကျိုးကျေးဇူး ဖြစ်စေခဲ့သလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.