တာလီဘန်အဖွဲ့ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံကို အမေရိကန်လက်ထဲကနေ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့တဲ့ ၂ နှစ်ပြည့်အခမ်းနားကို သြဂုတ် ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး နိုင်ငံတဝှမ်းကို အများပြည်သူအားလပ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်လွှဲပြောင်းယူခဲ့ပြီးနောက် နိုင်ငံကို အစ္စလာမ်မစ်နည်းစနစ်များကို အခြေခံကာအုပ်ချုပ်ခဲ့ပြီး နိုင်ငံတဝှမ်း လုံခြုံရေးတင်းကြပ်ထားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
တာလီဘန်အဖွဲ့ဟာ နိုင်ငံကိုပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ပေမယ့် တာလီဘန်အဖွဲ့ကို အာဖန်ဂန်နစ္စတန်နိုင်ငံရဲ့အစိုးရအဖြစ် ဘယ်နိုင်ငံကမှ တရားဝင်အသိမှတ်ပြုခြင်းမရှိသေးပါဘူး။
တာလီဘန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က “ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်လွှဲပြောင်းရယူနိုင်မှု ၂ နှစ်ပြည့်အခမ်းနားကို ကျင်းပခဲ့တယ်။ ကျွန်တော်တို့ ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံရှိ မူဂျာဟစ် သန့်ရှင်းတဲ့စစ်သည်တွေကို ဂုဏ်ပြုလိုပါတယ်။ ကျွန်တော်တို့ရဲ့ဂရိတ်အောင်ပွဲအတွက် အလာကိုလည်းကျေးဇူးတင်ဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။” လို့ ပြောပါတယ်။
တာလီဘန်အဖွဲ့ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံကို ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တာလီဘန်အ ဖွဲ့ ပြုတ်ကျခဲ့ပြီး နိုင်ငံကို အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရအဖွဲ့က အုပ်ချုပ်နေခဲ့ပါတယ်။
တာလီဘန်အဖွဲ့ဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ အာဏာလက်လွတ်လိုက်ရပြီးနောက် အာဏာပြန်လည်ရယူနိုင်ဖို့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့တွေကို တိုက်ခိုက်နေခဲ့ရာ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့မှာ အာဏာပြန်လည်ရယူနိုင်ခဲ့ပါတယ်။
တာလီဘန်အဖွဲ့ဟာ နိုင်ငံကိုအုပ်ချုပ်နေချိန်ကာလအတွင်းမှာ အစ္စာလမ်ဥပဒေအတိုင်း တင်းကြပ်တဲ့စည်းကမ်းတွေနဲ့ အုပ်ချုပ်ခဲ့သလို အာဏာပြန်လည်ရယူနိုင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ သြ ဂုတ် ၁၅ ရက်နောက်ပိုင်းမှာလည်း နိုင်ငံကို အစ္စာလာမ်ဥပဒေစည်းကမ်းများကိုအခြေခံကာ တင်းကြပ်တဲ့အုပ်ချုပ်မှုပုံစံမျိုးနဲ့ အုပ်ချုပ်နေခဲ့ပါတယ်။
တာလီဘန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ နိုင်ငံလုံခြုံရေးကို အလုံးစုံအာမခံပေးထားပါတယ်။ နိုင်ငံတစ်ခုလုံးကို ခေါင်းဆောင်မှုတစ်ခုတည်း နဲ့ စီမံခန့်ခွဲနေပါတယ်။ နိုင်ငံကိုအုပ်ချုပ်စီမံခန့်ခွဲရာမှာ အစ္စလာမ့်စနစ်တစ်ခုတည်ရှိပြီး အရာအားလုံးကို ရှာရီယာအစ္စလာမ့်ဥပဒေအတိုင်း လုပ်ဆောင်နေတယ်။” လို့ ပြောပါတယ်။
တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စွန့်ပစ်ခဲ့တဲ့ သံရုံးအနီးရှိ Massoud ရင်ပြင်မှာ အောင်ပွဲခံအခမ်းနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ တာလီဘန်အ ဖွဲ့ကို အားပေးထောက်ခံသူများအုပ်စုက “ ဥရောပနိုင်ငံတွေ ကျဆုံးပါစေ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေ ကျဆုံးပါစေ၊ အာဖဂန်နစ္စတန် အစ္စလာမ်မစ်အင်ပါယာ အဓွန့် ရှည်ပါစေ၊ အမေရိကန်တွေ ကျဆုံးပါစေ၊” စတဲ့စသားတွေကို ကြွေးကြော်အောင်ပွဲခံခဲ့ပါတယ်။
ဒါပေမယ့် တာလီဘန်အဖွဲ့ဟာ နိုင်ငံကိုပြန်လည်အုပ်ချုပ်နိုင်မှု ၂ နှစ်ပြည့်ပြီဖြစ်ပေမယ့် နိုင်ငံတကာအဖွဲ့စည်းတွေဟာ တာလီဘန်ကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမရှိသလို စေ့ စပ်ဆွေးနွေးတာလည်း မရှိသေးပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့ ပြန်လည်လွှဲပြောင်းအုပ်ချုပ်နေပေမယ့် ပြည်သူတွေဟာ အစ္စလာမ်အစွန်းရောက်အဖွဲ့ ISIS ရဲ့ တိုက် ခိုက်မှုပေါင်း အများအပြားကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
တာလီဘန်အဖွဲ့ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံကို အစ္စလာမစ်ဥပဒေများအတိုင်း အုပ်ချုပ်နေတဲ့အတွက် အမျိုးသမီးတွေ ဖိနှိပ်ခံနေရပြီး အခွင့်ရေးတွေ ဆုံးရှုံးနေဆဲဖြစ်ပါတယ်။ တာလီ ဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်အမျိုးသမီးတွေကို အကူအညီပေးရေးအေဂျင်စီတွေမှာ ပါဝင်လုပ်ကိုင်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့သလို နိုင်ငံအတွင်းရှိ အလှပြင်ဆိုင်တွေကိုလည်း ပိတ် ပင်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးကို ပန်းခြံတွေကိုသွားရောက်ခွင် တားမြစ်ထားသလို ယောင်္ကျားအုပ်ထိန်းသူမပါဘဲ ခရီးသွားခြင်းမျိုးမလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
တာလီဘန်တို့ အာဏာပြန်လည်ရယူခဲ့ပြီးနောက်ပိုင်း အသက် ၁၂ နှစ်နဲ့အထက် အမျိုးသမီးတွေကို စာသင်ကျောင်းမှာပညာသင်ကြားခွင့် ပိတ်ပင်ထားရာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှု တွေနဲ့ တွေ့ကြုံနေရတယ်လို့ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြစ်တင်ထားပါတယ်။ အမျိုးသမီးတွေအပေါ် ဖိနှိပ်ထားတဲ့ တာလီဘန်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် အ နောက်အုပ်စုနိုင်ငံတွေဟာ တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုဖို့ အတားဆီးသဖွယ်ဖြစ်နေပါတယ်။ မွတ်စလင်အများစုရှိနေတဲ့ နိုင်ငံတွေ နဲ့ အစ္စလာမ်ပညာရှင်များကလည်း အမျိုးသမီးတွေရဲ့အခွင့်ရေးကို ဖိနှိပ်ထားတဲ့ တာလီဘန်အဖွဲ့ရဲ့ လုပ်ရပ်တွေကို လက်မခံဘဲ ငြင်းဆန်ပယ်ချထားပါတယ်။
တာလီဘန်အဖွဲ့တွေကြားမှာလည်း အမျိုးသမီးတွေကို ပညာသင်ကြားခွင့်ပေးရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေကာ တာလီဘန်ခေါင်းဆောင်အချို့ကတော့ အစ္စလာမ်စည်း ကမ်းဥပဒေတွေထဲမှာ အမျိုးသမီးတွေကို ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ တာလီဘန်အဖွဲ့က ၎င်းတို့ဟာ နိုင်ငံကိုတိုးတက်အောင် လုပ်ဆောင်နိုင် မယ်ဆိုရင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းခံရမှာဖြစ်သလို ပိတ်ဆို့မှုတွေဖြေလျော့ပေးခံရမယ်လို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။
“ ဒါ့အပြင် ၂၀၂၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ဘဏ်မှာ ပိတ်မိနေဆဲဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၇ ဘီလျံကို ပြန်လည်ထုတ်ယူနိုင်မယ်လို့ တာလီဘန်အစိုးရအဖွဲ့က မျှော်လင့်နေဆဲဖြစ်ပါတယ်။“
ဒါ့အပြင် ၂၀၂၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ဘဏ်မှာ ပိတ်မိနေဆဲဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၇ ဘီလျံကို ပြန်လည်ထုတ်ယူနိုင်မယ်လို့ တာလီဘန်အစိုးရအဖွဲ့က မျှော် လင့်နေဆဲဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့ ပြန်လည်အုပ်ချုပ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက နယူးယောက်ဘဏ်မှာအပ်နှံထားတဲ့ အာဖန်ဂန်နစ္စတန်အစိုးရ ပိုင် အမေရိကန်ဒေါ်လာ ၇ ဘီလျံကို သိမ်းဆည်းခဲ့ပါတယ်။
အာဖန်ဂန်နစ္စတန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်က တာလီဘန်အဖွဲ့ ဖြုတ်ချခံလိုက်ရပြီးနောက် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ငွေကြေးများကူညီထောက်ပံ့ပေးတဲ့အ တွက် နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုတွေ လျော့နည်းသွားခဲ့ပါတယ်။ တာလီဘန်အစိုးရဟာ မူးယစ်ဆေးဝါးစိုက်ပျိုးခြင်းကို တားမြစ်ပိတ်ပင်လိုက်တဲ့အတွက် ကမ္ဘာ့ဘိန်းအများ ဆုံးထွက်ရှိရာ အာဖန်ဂန်နစ္စတန်နိုင်ငံမှာ ဘိန်းထုတ်လုပ်မှု သိသိသာသာလျော့ကျသွားတဲ့ လက္ခဏာများလည်း ရှိနေပါတယ်။
အာဖန်ဂန်နစ္စတန်နိုင်ငံကို လက်ရှိအချိန်မှာအုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ဖူးတဲ့ တာလီဘန်အဖွဲ့နဲ့ နှိုင်းယှဉ်ရင် စည်းကမ်းပိုင်း အနည်းငယ် လျော့ကျခဲ့တယ်လို့ သုံးသပ်တာမျိုးတွေ ရှိနေခဲ့ပါတယ်။ အာဖန်ဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ပြန်လည်အုပ်ချုပ်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ပြစ်တင်ဝေဖန်ခံရမှု အများဆုံးကိစ္စဟာ အမျိုးသမီးတွေရဲ့အခွင့်ရေးကို ဖိနှိပ်နေတဲ့ကိစ္စဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ အာဖန်ဂန်နစ္စတန်ကျောင်းသူတစ်ဦးက “ တာလီဘန်တို့ ပြန်လည်အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း ကျွန်မကျောင်းမတက်ရတော့ဘူး။ ကျွန်မဟာ အခက်ခဲဘေး အန္တရာယ်တွေ တွေ့ကြုံနေခဲ့ရပေမယ့် ၁၁ နှစ်ကြာကျောင်းတက်ပြီး ဆရာဝန်ဖြစ်ဖို့ အပြင်းထန်ကြိုးပမ်းခဲ့တယ်။” လို့ ပြောပါတယ်။
ကဘူးလ်မြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက အမျိုးသမီးအလုပ်သမားတွေကို အိမ်ထဲမှာသာနေထိုင်ဖို့နဲ့ အမျိုးသားတွေနဲ့တန်းတူ အလုပ်လုပ်မလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမျိုးသမီးတွေဟာ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့် တားမြစ်ပိတ်ပင်ခံရခြင်းကို မကျေနပ်တဲ့အတွက် နိုင်ငံတဝှမ်းရှိ မြို့တွေမှာ ဆန္ဒပြမှုတွေ လည်းလုပ်ဆောင်ခဲ့ပါတယ်။
တာလီဘန်အစိုးရဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ အမျိုးသမီးတွေကို ခင်ပွန်း၊ အုပ်ထိန်းသူအမျိုးသားမပါဘဲ မိုင်ပေါင်း ၄၅ မိုင်အကွာအဝေးထက် ကျော်လွန်ခရီးမသွားဖို့ အမိန့်ထုတ် ပြန်ခဲ့ပါတယ်။ တာလီဘန်အဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ မေလမှာ နိုင်ငံအတွင်းရှိ အမျိုးသမီးတွေကို အဝတ်စားဝတ်ရာမှာ ခေါင်းကနေခြေထောက်အထိ ဖုန်းအုပ်ဝတ်ဆင်ရမယ်လို့ စည်း ကမ်းထုတ်ပြန်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ အမြင့်ဆုံးခေါင်းဆောင်က “ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ ငယ်ရွယ်တဲ့အမျိုးသမီးပဲဖြစ်ဖြစ် မျက်လုံးကလွှဲပြီး မျက်နှာတစ်ခုလုံး လုံခြုံအောင်ဖုန်းအုပ်ထားရမှာဖြစ်သလို ခေါင်းကနေခြေထောက်အထိ အဝတ်စားလုံခြုံအောင်ဝတ်ဆင်ရမယ်” လို့ ပြောခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့အခွင့်ရေးကို အသိမှတ်မပြုဘဲ ဖိနှိပ်မှုများကြောင့် နိုင်ငံတကာအစိုးရတွေ၊ လူအခွင့်ရေးအဖွဲ့တွေက တာလီဘန်အဖွဲ့ကို ပြစ်တင်ရှုတ်ချထားပြီး အကူညီပေးမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့က အမျိုးသမီးတွေအပေါ် ပိတ်ပင်မှုတွေကြောင့် တာလီဘန်ကို အာဖဂန်နစ္စတန်ရဲ့ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုဖို့ အခက်ဖြစ်လာခဲ့တယ် လို့ ဆိုပါတယ်။
တာလီဘန်တို့ မအုပ်ချုပ်ခင် အာဖန်ဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဖွဲ့တွေရဲ့ ဘတ်ဂျက် ၈၀ ရာခိုင်နှုန်းဟာ ပြည်ပနိုင်ငံများက ကူညီထောက်ပံ့ပေးထားတဲ့ ငွေကြေးဖြစ်ပြီး လက်ရှိအချိန်မှာ အမျိုးသမီးတွေအပေါ် အခွင့်အရေးကန့်သတ်ခြင်းကြောင့် နိုင်ငံတကာအကူညီများ ရပ်တန့်သွားခဲ့ရာ အာဖန်ဂန်နစ္စတန်ပြည်သူများ ဘဝရှင်သန်နေထိုင်ဖို့ အခက် အခဲဖြစ်နေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ISIS အဖွဲ့၊ အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့တွေ ဆက်လက်ရှိနေဆဲဖြစ်ရာ အဖွဲ့တွေကြား အငြင်းပွားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ကြောင့် ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိနေဆဲဖြစ်ရာ ပြည်သူတွေ အခက်ခဲများစွာတွေ့ကြုံနေရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ပြန်လည် အုပ်ချုပ်မှု ၂ နှစ်ရှိလာခဲ့ပေမယ့် နိုင်ငံရဲ့အခြေနေတွေဟာ တိုးတက်ကောင်းမွန်မှုမရှိဘဲ ဆုတ်ယုတ်မှုတွေသာ ရှိနေဆဲဖြစ်တယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။
ကောင်းထက်ငွေ
အယ်ဂျာဇီးယားသတင်းဌာနမှာဖော်ပြထားတဲ့ Taliban marks two years since return to power in Afghanistan ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဖော်ပြထား ခြင်းဖြစ်ပါတယ်။
အယ်ဂျာဇီးယားသတင်းဌာနမှာဖော်ပြထားတဲ့ Taliban marks two years since return to power in Afghanistan ဆောင်းပါးကို ဆီလျော်သလို ဘာ သာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။
တာလီဘန်အဖွဲ့ ပြန်လည်အုပ်ချုပ်ပြီးနောက် စည်းကမ်းတင်းကြပ်မှုတွေ၊ အခက်အခဲ တွေနဲ့သာ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်