ဂါဇာဒေသစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ဖြန်ဖြေနေတဲ့ ငြိမ်းချမ်းရေးသံတမန် ကာတာနိုင်ငံ

#ကောင်းထက်ငွေ

အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲဟာ သီတင်းပတ် ၇ ပတ်အတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီစစ်ပွဲမှာ ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှု တွေကြောင့် ကလေးငယ်တွေအပါအဝင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၄,၀၀၀ ကျော် သေဆုံးထားပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ပွဲကိုအပစ်အခတ်ရပ်စဲဖို့၊ ပြန်ပေးဆွဲခံထားရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံကတော့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက် တွေကို မသိကျိုးကျွံ့ပြုကာ စစ်ပွဲကိုဆက်တိုက်ခဲ့ရာ ဂါဇာဒေသမှာ သေဆုံးမှု မြင့်တက်စေခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက စစ်ပွဲအပစ်အခတ်ရပ်စဲဖို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိချိန်မှာ ကာတာနိုင်ငံက အစ္စရေးနဲ့ ဟားမက်စ် လက်နက် ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးရယူဖို့ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။

ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံဟာ ၄ ရက်ကြာ အပစ်ခတ်ရပ်စဲဖို့၊ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့၊ လူသားချင်းဆိုင်ရာ စာနာမှု အကူအညီပေးဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။ ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံတွေ လက်တွေ့မလုပ်နိုင်ပဲ ရှိနေတဲ့အခက်အခဲကို လူဦးရေ ၂ သန်းကျော်သာရှိတဲ့ နိုင်ငံငယ်လေးဖြစ်တဲ့ ကာတာနိုင်ငံက လက်တွေ့လုပ်ပြနိုင်ခဲ့ပါတယ်။

ဂါဇာဒေသမှာ စစ်ပွဲဖြစ်လာခဲ့ပြီးနောက် အီဂျစ်၊ အိုမန်၊ ကူဝိတ်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ကာတာနိုင်ငံကတော့ ဒေသအတွင်းမှာဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်ခဲတွေကို ဖြေရှင်းနိုင်အောင် အဓိကနိုင်ငံအဖြစ် ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ဂါဇာစစ်ပွဲအပြင် ယူကရိန်းစစ်ပွဲ၊ လက်ဘနွန်စစ်ပွဲ၊ ဆူဒန်စစ်ပွဲ၊ အာဖန်ဂန်နစ္စတန်စစ်ပွဲ၊ အီရန်စစ်ပွဲတွေမှာ ကြားဝင်စေ့စပ်ဆွေးနွေးပေးတဲ့ နိုင်ငံအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ဖူးတဲ့ နိုင်ငံဖြစ်ပါတယ်။ ကာတာနိုင်ငံဟာ နိုင်ငံငယ်ပေမယ့် ရေနံဓါတ်ငွေ့ ပေါကြွယ်ဝမှုတွေကြောင့် ချမ်းသာတဲ့နိုင်ငံအဖြစ် ပုံရိပ်တည်ဆောက်ထားနိုင်တဲ့ နိုင်ငံ လည်းဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ဟားမက်စ်နဲ့ အစ္စရေးလက်နက်ကိုင်အဖွဲ့တွေကြား စစ်ပွဲစတင်ခဲ့ပြီးနောက်မကြာမီ အပစ်အခတ်ရပ်စဲရေးနဲ့ ပြန်ပေးသမားတွေ ပြန်လွှတ်ပေးရေးအတွက် ကြား ဝင်ဆွေးနွေးခဲ့ပါတယ်။ ကာတာနိုင်ငံဟာ ဂါဇာဒေသစစ်ပွဲမှာ ကြားဝင်စေ့စပ်ဆွေးနွေးပေးတဲ့ နိုင်ငံအဖြစ်ပါဝင်မှုကို ဒေသအတွင်းနိုင်ငံများအပြင် အခြားနိုင်ငံတွေက ပိတ်ပင်တား ဆီးမှုတွေ ရှိခဲ့ပေမယ့် ကာတာဘုရင်က အစ္စရေးနဲ့ ဟားမက်စ်အုပ်စုကြား စစ်ပွဲအရှိန်လျော့ချနိုင်ဖို့ ကြားဝင်ဆွေးနွေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကာတာနိုင်ငံဟာ ဝေဖန်ခံရပေမယ့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ကာတာနိုင်ငံမှာ လက်ခံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကာတာဟာ ဂါဇာ ဒေသမှာ လူပေါင်းသောင်းချီ သေဆုံးအောင် တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို အခြားဒေသအတွင်း နိုင်ငံတွေလောက် ပြင်းထန်စွာဝေဖန်တာမျိုး မရှိခဲ့ပါဘူး။ ကာတာ နိုင်ငံဟာ စစ်ပွဲအရှိန်မမြင့်တက်စေဖို့ အီရန်နိုင်ငံကိုလည်း စည်းရုံးခဲ့ပါတယ်။

ဂါဇာဒေသစစ်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာ နိုင်ငံအချို့ဟာ စံနှုန်းနှစ်မျိုးရှိနေပေမယ့် ကာတာနိုင်ငံကတော့ စစ်ပွဲအရှိန်လျော့ချရေး၊ အပစ်ခတ်ရပ်စဲရေး ဆိုတဲ့ အချက်ကို အဓိကထားလုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကာတာဟာ ဂါဇာစစ်ပွဲရဲ့ စစ်ရှိန်လျော့ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ရာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ကာတာနိုင်ငံရဲ့ ကြိုးပမ်းပေးမှုတွေကြောင့် နိုဝင်ဘာလအတွင်း ဟားမက်စ်အဖွဲ့ဟာ အမေရိကန်နိုင်ငံသား အမျိုးသမီးနှစ်ဦးကို ပထမဆုံးအကြိမ် ပြန်လွှတ်ပေးခဲ့ပါ တယ်။

ကာတာနိုင်ငံဟာ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ရဲ့ နိုင်ငံရေးအဖွဲ့ရုံးကို ၁၀ နှစ်ကျော်ကြာ ကာတာနိုင်ငံအတွင်း ဖွင့်လှစ်ခွင့်ပေးထားရာ ဟားမက်စ်အဖွဲ့နဲ့ ဆက်ဆံရေးကောင်းမွန် သလို အစ္စရေးရဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ လေးစားမှုကိုလည်း လက်ခံရရှိထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ကာတာဟာ ပါလက်စတိုင်းလူမျိုးတွေရဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဝန်ထမ်းတွေအတွက် လစာငွေကြေး ပေးချေပေးခြင်းအပါအဝင် အခြားလိုအပ်တဲ့ လူသားချင်းဆိုင်ရာ စာနာမှု အကူညီတွေကို အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနဲ့အထက် ကူညီပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလိုမျိုးကူညီပေးမှုတွေကြောင့် ကာတာနိုင်ငံဟာ ဟားမက်စ်အုပ်စုရဲ့ ယုံကြည်မှုတွေ ကို ရရှိထားသလို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့နိုင်ငံ၊ အဖွဲ့အစည်းများကြား ပြေလည်မှုရရှိအောင် သံတမန်နည်းလမ်းနဲ့ စေ့စပ်ဆွေးနွေးပေးဖို့ ကျွမ်းကျင်မှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ၅ ဦး ပြန်လွှတ်ပေးအောင် ကာတာနိုင်ငံက ကူညီပေးခဲ့သလို ရုရှား နိုင်ငံက ဖမ်းဆီးထားတဲ့ ယူကရိန်းကလေးတွေ ပြန်လွှတ်မြောက်အောင် ကာတာနိုင်ငံက အောက်တိုဘာလအတွင်း ကြိုးပမ်းပေးခဲ့ဖူးပါတယ်။ ကာတာနိုင်ငံဟာ တာလီဘန်နဲ့ အမေရိကန်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများဖြစ်စေဖို့၊ ၂၀၀၈ ခုနှစ် လက်ဘနွန်နိုင်ငံရေးမှာ စုစည်းညီညွတ်မှု ရရှိစေဖို့၊ အီရတ်နိုင်ငံရှိ မတူညီတဲ့ လက်နက်ကိုင်အဖွဲ့များကြား ကြား ဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် ဆောင်ရွက်မှု စတဲ့အခက်ခဲတွေကို ကြားဝင်ကြိုးပမ်းပေးခဲ့ဖူးပါတယ်။

ကာတာနိုင်ငံဟာ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ ၂၀၀၆ ခုနှစ်မှာ ဟားမက်စ် လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ခဲ့ပြီး အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ ကြား ဖြစ်ပွားခဲ့ဖူးတဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကို ကြားဝင်စေ့စပ်ပေးခဲ့ဖူးပါတယ်။ ကာတာဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား ၂၀၁၄ ခုနှစ်၊ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တို့မှာ ဖြစ်ပွားခဲ့ဖူးတဲ့ ပဋိပက္ခတွေကို အပစ်အခတ်ရပ်စဲအောင် ကြားဝင်စေ့စပ်ဖြန့်ဖြေပေးခဲ့ဖူးပါတယ်။

Qatari official Mohammed al-Emadi (left) visits Hamas leader Ismail Haniyeh in Gaza City on March 12. Israel has accused Qatar of financing Hamas weaponry but still allows Qatar to spends millions in Gaza on aid and development projects.

အစ္စလာမ်မစ်နိုင်ငံအများစုဟာ အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံနဲ့ တရားဝင်ဆက်ဆံရေး တည်ထောင် ခြင်းမရှိခဲ့ပေမယ့် ကာတာနိုင်ငံကတော့ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကာတာဟာ အစ္စရေနိုင်ငံနဲ့ ၁၉၉၆ ခုနှစ်မှာ အပြန်အလှန်ကုန်သွယ်ရေး စတင် လုပ်ကိုင်ခဲ့ပြီး ပင်လယ်ကွေ့ဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ အစ္စရေးနဲ့ ကုန်သွယ်ရေးပြုလုပ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ကာတာနိုင်ငံကြား သံတမန်ဆက်ဆံရေးဟာ အခြားအာရပ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကောင်းမွန်မှုရှိနေတဲ့အတွက် အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေမှာ ကာတာနိုင်ငံက ကြားဝင်စေ့စပ် ပေးမှုတွေ အောင်မြင်နေတာဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ဒေသအတွင်းနဲ့ နိုင်ငံတကာရဲ့ အခက်ခဲပြဿနာတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်အရ သံတမန်ရေး နည်းလမ်း၊ နိုင်ငံရေးနည်လးမ်းတွေနဲ့ ကြားဝင်စေ့စပ်ပေးခဲ့ပြီး အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုး လုပ်ဆောင်လေ့ရှိတဲ့နိုင်ငံလည်း မဟုတ်ပါဘူး။ အခြား နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းမရှိတဲ့အတွက် ကာတာနိုင်ငံအပေါ် အခြားအဖွဲ့အစည်း၊ နိုင်ငံတွေက ယုံကြည်လေးစားမှုတွေလည်း ရှိနေခဲ့ပါတယ်။

ငြိမ်းချမ်းရေးရယူနိုင်ခြင်းဟာ လူသားတွေ ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်သင့်မြတ်ရေးနဲ့ တရားမျှတမှုအပြင် စီးပွားရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် လမ်းကောင်းတွေ ဖန် တီးပေးနိုင်မယ်လို့ ကာတာအစိုးရက ရူမြင်ထားပါတယ်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခြင်းကြောင့် လူအခွင့်အရေးကာကွယ်ခြင်း၊ လူငယ်တွေ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပိုမိုပါဝင် ခွင့်ရရှိမယ်လို့လည်း ကာတာနိုင်ငံက လက်ခံယုံကြည်ထားပါတယ်။ ဒါကြောင့် ကာတာနိုင်ငံဟာ နိုင်ငံငယ်လေးဖြစ်ပေမယ့် နိုင်ငံတကာပဋိပက္ခတွေမှာ ကြားဝင်ဆောင်ရွက်နေခဲ့ပြီး ဆူဒန်နိုင်ငံ ပဋိပက္ခတွေမှာလည်း ငြိမ်းချမ်းရေးဖြစ်စေဖို့ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် အစ္စရေးနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်ပေးရေးနဲ့ ယာယီအပစ်အခတ် ရပ်စဲရေး ရရှိခဲ့ပြီဖြစ်ပါတယ်။ ကာတာနိုင်ငံအနေနဲ့ ဂါ ဇာဒေသစစ်ပွဲကို အလုံးစုံအပစ်ခတ်ခတ်ရပ်စဲပြီး ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးပြန်လွှတ်မြောက်လာအောင် စွမ်း ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရ ဖွယ်ရှိနေတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။

#ကောင်းထက်ငွေ

Ref Qatar’s Role as a Mediator in the Middle East

ဂါဇာဒေသစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ဖြန်ဖြေနေတဲ့ ငြိမ်းချမ်းရေးသံတမန် ကာတာနိုင်ငံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.