KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့်တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကံဆီးကျေးရွာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့် တိုက်ခတ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအတွင်းက KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး KIA အရာရှိနှစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

“ လေယာဥ်နဲ့ရော လက်နက်ကြီးတွေနဲ့ပါပစ်တယ်၊ ဗိုလ်မှူးအဆင့်ရှိတဲ့သူ တစ်ယောက်နဲ့ နောက်တစ်ယောက် နှစ်ယောက်ကျသွားတယ်။” ဟု ဒေသခံသတင်းထုတ်ပြန်ရေးအဖွဲ့များ ထံမှ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် နေအိမ်အဆောက်အဦးများအပါအဝင် ကျွဲ၊ နွားတိရိစ္ဆာန်များ ပါသေဆုံးခဲ့ရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုမဖြစ်ခင် အောက်တိုဘာ ၁၃ ရက်က မြစ်ကြီးနား-ဗန်းမော်လမ်း အောင်ဂျာရွာ၌ KIA နှင့် နစကတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၄ ရက်ကလည်း ဖား ကန့်လမ်း မအူပင်ကျေးရွာအနီး၌ ထပ်မံထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နစကဘက်မှ အရာရှိအချို့ထိခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

အောက်တိုဘာ ၉ ရက်၊ ညသန်းခေါင်ချိန်တွင် မုန်လိုင်ခက်စစ်ရှောင်စခန်း၌ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ကလေးငယ် ၁၃ ဦးအပါအဝင် စစ်ရှောင် ၂၉ ဦးသေဆုံးခဲ့ရကာ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – The Kachin Net

#ယနေ့ခေတ်

KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့်တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်