Keppel ကော်ပိုရေးရှင်းက စင်ကာပူလုပ်ငန်းစုထံ Sedona Hotel ကို အပြီးသတ်ရောင်းချ

ရန်ကုန်၊ အောက်တိုဘာ ၁၉

စင်ကာပူအခြေစိုက် Keppel Corporation မှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် Keppel Land သည် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို အပြီးသတ် ရောင်းချလိုက်ကြောင်း စင်ကာပူ အခြေစိုက် သတင်းဌာနတစ်ခုမှ ဖော်ပြထားသည်။

Sedona Hotel ကို ကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်း (စင်ကာပူဒေါ်လာ ၇၅ ဒသမ ၆ သန်း)ဖြင့် စင်ကာပူလုပ်ငန်းစုဖြစ်သည့် Spring Blossom Ventures ထံ အပြီးသတ်ရောင်းချခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Keppel Corporation အနေဖြင့် ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ရောင်းချရန် ၂၀၂၃ ခုနှစ် အစောပိုင်းက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟိုတယ်ကို ဝယ်ယူလိုက်သည့် Spring Blossom Ventures သည် ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းစုဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ဆီဒိုနားဟိုတယ် (ရန်ကုန်)သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်ကတည်းကဖြစ် သည်။

Sedona Hotel ကိုဝယ်ယူလိုက်သည့် Spring Blossom Ventures သည် ဟိုတယ်အဖြစ် ဆက်လက်လည်ပတ်ရန် စီစဉ်နေပြီး ဟိုတယ်အော်ပရေတာအသစ်ကို ရှာဖွေနေကြောင်း Spring Blossom Ventures ၏ ရှယ်ယာရှင်သုံးဦးထဲမှ တစ်ဦးဖြစ်သော Low Heng Huat က ပြောကြားသည်။

Sedona Hotel (Yangon) ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော နိုင်ငံတကာဟိုတယ်များတွင် ပါဝင်ခဲ့သည်။ ဧည့်သည်အဝင်များနိုင်သည့် အလား အလာကြောင့် ၂၀၁၅ ခုနှစ်တွင် အခန်း ၈၀၀ နီးပါးပါသည့် အဆောက်အဦအသစ်တစ်ခုကို ထပ်တိုးဖွင့်လှစ်ခဲ့သည်။

စုစု

Ref:The Edge Singapore

#ယနေ့ခေတ်

Keppel ကော်ပိုရေးရှင်းက စင်ကာပူလုပ်ငန်းစုထံ Sedona Hotel ကို အပြီးသတ်ရောင်းချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်