EV ကား အားသွင်းရာမှ ကားမီးလောင်ကျွမ်း

ရန်ကုန်၊ အောက်တိုဘာ ၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၌ ယမန်နေ့ညပိုင်းက လျှပ်စစ်ကား အားသွင်းနေရာမှ ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

အောက်တိုဘာ ၅ ရက်၊ ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၁) ရပ်ကွက်၊ သခင်ဗစိန်လမ်း နေအိမ်တိုက်တစ်ခုရှေ့၌ လျှပ်စစ်ကားကို အားသွင်းထားရာမှ ကားမီး လောင်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ညမိုးချုပ်နေပြီပေါ့၊ အိမ်ရှေ့မှာ EV ကား အားသွားနေရင်းက ထပေါက်ပြီး ကားမီးလောင်သွားတာ၊ တစ်စီးလုံးကုန်ပဲ။ တခြားကူးစက်တာတွေ လူထိခိုက်တာတွေတော့မရှိဘူး။” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ကားမီးလောင်မှုသည် နာရီဝက်ခန့်သာကြာမြင့်ခဲ့ပြီး မည်သည့်အကြောင်းအရာကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ကို မသိရှိရသေးပေ။

ဂျူဂျူး

ဓာတ်ပုံ – MFSD ၊ live

#ယနေ့ခေတ်

EV ကား အားသွင်းရာမှ ကားမီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်