အုတ်တွင်းမြို့နယ်တွင် ၁၂ ဘီးယာဥ်က တွဲကားအားဝင်တိုက် ၁၂ ဘီးယာဥ်မောင်း သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့နယ်တွင် အောက်တိုဘာ ၂၀ ရက်၊ ည ၁၁ နာရီခွဲက Max အအေးကဒ်များနှင့် ရေကဒ်များတင်​ဆောင်လာ​သော ၁၂ ဘီးယာဥ်က ကြက် စာများတင်လာသည့် တွဲကား၏အနောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်းကြောင့် ၁၂ ဘီးယာဥ်​မောင်း ​​သေဆုံးသွား​ကြောင်း ရင်ခုန်သံရှင်/ကူအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ညကဖြစ်စဉ်လေးပါ။ ယာဥ်တိုက်မှုက အလွန်ပြင်းထန်ပါတယ်။ ကျွန်​တော်တို့ မောလဲမော၊ အိပ်လဲအိပ်ချင် ကားဆရာကို ဘယ်လိုကယ်ထုတ်ရမယ်မှန်းမသိ​အောင်ပါပဲဗျာ။ ကားဆရာရဲ့အသက်ကို မကယ်ထုတ်နိုင်လိုက်တာ ဝမ်းအနည်းဆုံးပါပဲ။ တိုက်မိတဲ့အရှိန်နဲ့ ၁၂ ဘီးကားခေါင်းခန်းက နှစ်ခြမ်းကွဲသွားတယ်။ ကားဆရာက ခေါင်းခန်းထဲမှာ ညပ်သွား တယ်။ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ကားဆရာက အသက်ရှိသေးတယ်။ ကြိုးစားပြီး ကယ်ဆယ်ရေးလုပ်နေတဲ့အချိန် ည ၁၂ နာရီခွဲလောက်မှာ သေဆုံးသွားတာပါ။ တိုက်ချက်ပြင်းတဲ့အတွက် မနက် ၄ နာရီခွဲ​လောက်မှ ​သေဆုံးသွားတဲ့ ကားဆရာရဲ့ Dead Body ကို အပြင်ထုတ်လို့ရခဲ့တယ်။” ဟု ရင်ခုန်သံရှင်/ကူအသင်းက တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ၁၂ ဘီးယာဥ် ခေါင်းခန်းအတွင်း ညပ်မိပြီးသေဆုံးသူ ယာဥ်​မောင်း၏ ရုပ်အလောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရင်ခုန်သံရှင်/ကူအသင်းတို့က ကယ်ဆယ်ရေးပစ္စည်းအစုံဖြင့် သယ်ထုတ်​ပေးခဲ့​ကြောင်း သိရသည်။

ယာဥ်တိုက်မှု အရှိန်ပြင်းထန်သဖြင့် ၁၂ ဘီးယာဥ်နှင့် တွဲကားတို့အား ခွာထုတ်မှုမရရှိခြင်းကြောင့် ကရိန်းကားအကူအညီရယူပြီး ကားချင်းခွာထုတ်ပြီး ရုပ်အလောင်းကို အုတ်တွင်းမြို့ နယ် ပြည်သူ့​ဆေးရုံကြီးသို့ ရင်ခုန်သံရှင်/ကူအသင်း၏ ​မော်​တော်ယာဥ်ဖြင့် ပို့​ဆောင်​ပေးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

#ယနေ့ခေတ်

အုတ်တွင်းမြို့နယ်တွင် ၁၂ ဘီးယာဥ်က တွဲကားအားဝင်တိုက် ၁၂ ဘီးယာဥ်မောင်း သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်