အီဂျစ် နိုင်ငံအနေဖြင့် Philadelphia စင်္ကြန်လမ်းနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ် ဟုဆို

အီစတန်ဘူ၊ ဇန်နဝါရီ ၉

အီဂျစ်နိုင်ငံအနေဖြင့် အစ္စရေးနှင့် အီဂျစ်နိုင်ငံကြား ကြားခံဇုန်ဖြစ်သည့် Philadelphia စင်္ကြန်လမ်းနှင့်ပတ်သက်ပြီး အစ္စရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း အီဂျစ်မီဒီယာများက ဖော်ပြထားသည်။

အစ္စရေးအစိုးရက အဆိုပါကြားခံဇုန်တစ်လျှောက်တွင် ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးကိရိယာများအပြင် လုံခြုံရေးအစီအမံများ ပိုမိုလုပ်ဆောင်ရန် အီဂျစ်အစိုးရကို တောင်း ဆိုခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ကြားခံဇုန်ကိုအသုံးချပြီး ဟားမက်စ် လက်နက်ကိုင်အဖွဲ့များအတွက် စစ်လက်နက်ပစ္စည်းများ ပေးပို့ကူညီမည်ကို စိုးရိမ်သည့်အတွက် ကြားခံဇုန်နားတွင် ထောက် လှမ်းရေးကိရိယာများ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ Philadelphia စင်္ကြန်လမ်းသည် အစ္စရေးနှင့် အီဂျစ်နိုင်ငံကြား ၁၉၇၉ ခုနှစ်က ချုပ်ဆိုခဲ့သောစာချုပ်အရ ခွင့်ပြုထားသော စင်္ကြန်ဖြစ်ပြီး အရှည် ၈ ဒသမ ၆၉ မိုင်ရှိနေကြောင်း သိရသည်။

အီဂျစ်တပ်ဖွဲ့ဝင်များသည် အဆိုပါစင်္ကြန်လမ်းတစ်လျှောက်ကို ပုံမှန်ကင်းလှည့်မှုများ လုပ်ဆောင်နေသည်။ အီဂျစ်အစိုးရတာဝန်ရှိသူတစ်ဦးက Philadelphia စင်္ကြန်လမ်းနှင့်ပတ် သက်ပြီး အစ္စရေးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဆိုသော သတင်းများက မှန်ကန်မှုမရှိကြောင်း ပြောသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အောက်တိုဘာ ၇ ရက်နေ့တွင် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဒေသခံများသည် နေ ရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ အဆိုပါစင်္ကြန်လမ်းကိုအသုံးချကာ အီဂျစ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခြင်းများရှိခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်က အီဂျစ်နိုင်ငံနှင့် ပူးပေါင်းထည်ထောင်ထားသည့် စင်္ကြန်လမ်း၏ နေရာအများအပြားကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း မကြာခဏပြောဆိုခဲ့ဖူး သည်။

ကောင်းထက်ငွေ

aa.com.tr

#ယနေ့ခေတ်

အီဂျစ် နိုင်ငံအနေဖြင့် Philadelphia စင်္ကြန်လမ်းနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်