အင်းစိန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ် အမျိုးသားနှစ်ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ (သီရိမင်္ဂလာ)လမ်းမကြီးတွင် တွဲကားနှင့် Lite tuck ကားတိုက်မိ၍ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က အင်းစိန်မြို့ (သီရိမင်္ဂလာ)လမ်းမကြီး၊ DENKO ဆီဆိုင်ရှေ့တွင် တွဲကားနှင့် Lite tuck ကား အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့ခြင်းကြောင့် Lite tuck ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးမှ တစ်ဦးမှာ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကျန်တစ်ဦးမှာ ဆေးရုံပို့ဆောင်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေး အ သင်းမှ အသင်းဝင်တစ်ဦး၏ ပြေားကြားချက်အရ သိရသည်။

“ သူတို့တွေက ဒညင်းကုန်းဘက်ကိုအတက်မှာ တိုက်မိတာ။ ကားနှစ်စီးက ပြိုင်မောင်း‌တဲ့‌အနေအထားပဲ။ အရှိန်မထိန်းနိုင်တော့ တွဲကားက Lite tuck ကို ဝင်တိုက်သလိုဖြစ်သွားတာ ပေါ့။ တွဲကားပေါ်က ထိခိုက်မှုမရှိပေမဲ့၊ Lite tuck ကားပေါ်ကတော့ တစ်ဦးက နေရာမှာဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဆေးရုံကိုပို့တဲ့လမ်းမှာပဲ ဆုံးသွားပါတယ်။ မိ သားစုနဲ့တော့ အဆက်သွယ်မရသေးပါဘူး။” ‌ဟု တွဲလက်လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွဲလက်လူမှုကူညီရေးအသင်း၊ အနာဂါတ်သွေးနှင့် လှုမှုကူညီရေးအသင်းတို့က အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်၊ ညနေ ၃ နာရီကျော်ခန့်ကလည်း အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဈေးဝင်းအတွင်း ဆိုင်ကယ်နှင့် Lite tuck တို့တိုက်မိ၍ အမျိုးသားနှစ်ဦး ဒဏ်များရရှိခဲ့ ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-တွဲလက်လူမှုကူညီရေးအသင်း

ယနေ့ခေတ်

အင်းစိန်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ် အမျိုးသားနှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်