ဟားမက်စ်အဖွဲ့ဝင် ၉၀၀၀ ကျော် ရှင်းလင်းထားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ဆို

တဲလ်အဗစ်၊ ဇန်နဝါရီ ၁၅

ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ရက်ပေါင်း ၁၀၀ အတွင်း ဟားမက်စ်တပ်ဖွဲ့ဝင် အနည်းဆုံး ၉၀၀၀ ကျော်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံသားများအပါအဝင် လူပေါင်း ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ရာမှ စစ်ပွဲ စတင်ခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် ဟားမက်စ်လက်နက်ကိုင်အုပ်စု၏ စစ်ဘက်အဓိကခေါင်းဆောင်နှစ်ဦးအပြင် ခေါင်းဆောင်ငယ် ၁၉ ဦးနှင့် ဟားမက်စ်အဖွဲ့ဝင် ထောင်နှင့်ချီပြီး ရှင်း လင်းနိုင်ခဲ့ကြောင်း ပြောသည်။

အစ္စရေးသည် ဟားမက်စ်အဖွဲ့အပြင် ၎င်းတို့နိုင်ငံဘက်ခြမ်းကို ပစ်ခတ်ခဲ့သော လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုနှင့်လည်း အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး လက်ဘနွန်အုပ်စု ၁၇၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုသည်။

အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရက်ပေါင်း ၁၀၀ အတွင်း စစ်ပွဲအပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ခဲ့ရသည့်အပြင် လက်ရှိအချိန်တွင်လည်း တောင်အာဖရိကနိုင်ငံ၏ နိုင်ငံတကာခုံးရုံးတွင် တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရကြောင်း သိရသည်။

သို့သော်လည်း အစ္စရေးသည် ဂါဇာစစ်ပွဲကို ရပ်တန့်မည်မဟုတ်ပဲ ဆက်လက်တိုက်ခိုက်သွားဖွယ်ရှိနေကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အပြီးသတ်အနိုင်ရချိန်အထိ တိုက်ပွဲများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။

ကောင်းထက်ငွေ

timesofisrael.com

ဟားမက်စ်အဖွဲ့ဝင် ၉၀၀၀ ကျော် ရှင်းလင်းထားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်