သီပေါမြို့တွင် ဒေသခံနှစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရှယ်ပြည်နယ်(မြောက်ပိုင်) သီပေါမြို့နယ်တွင် ဒေသခံနှစ်ဦး မြေမြုပ်မိုင်းနင်မိ၍ အမျိုးသားတစ်ဦးမှာ ခြေထောက်တစ်ဖက်ပြတ်ပြီး၊ အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

ယမန်နေ့ ညနေက သီပေါမြို့နယ်၊ တုံစင့်ကျေးရွာနှင့် ကုံးစုံစုရွာကြား တောလမ်းအတွင်းတွင် ဒေသခံနှစ်ဦးမိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ပြီး၊ အမျိုးသမီး မှာ ဒဏ်အချို့ရရှိခဲ့ကြောင်း သိရသည်။

“ ထုံစင့်ကျေးရွာနဲ့ ကုံးစုံရွာကြားက တောလမ်းမှာဖြစ်တာပါ။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးပဲ။ အသက် ၃၀ ဝန်းကျင်တွေတော့ရှိပြီ။ အမျိုးသားကတော့ ခြေထောက်တစ် ဖက်ပြတ်သွားတယ်။ အမျိုးသမီးက မျက်နှာနဲ့ခန္ခာကိုယ်တော့ ဒဏ်ရာရတယ်။ ခြေထောက်ပြတ်တဲ့လူနာကိုတော့ သီပေါကနေ မန္တ‌လေးဆေးရုံကို ပို့ရပါတယ်။” ဟု ဒေသခံလူမှုကူ ညီ‌ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူနှစ်ဦးမှ အမျိုးသားတစ်ဦးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ အမျိုးသမီးကို သီပေါဆေးရုံကြီးသို့‌ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းကလည်း သီပေါမြို့နယ်၊ တုံစင့်ကျေးရွာရှိ အနောက်ဘက်စိုက်ခင်းများအတွင်း အလုပ်လုပ်ကိုင်နေသူ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းအားနင်း မိ၍ ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီကလည်း သီပေါ- နမ္မတူသွားကားလမ်းပေါ် ၊ မိုးတေကျေးရွာ၊ မိုးတေတံတားအနီး၌ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ရာ၊ ကုန်ပစ္စည်းများတင်ဆောင် မောင်းနှင်လာ သည့် ပါဂျဲရိုးအမျိုးအစားကားကိုထိမှန်ပြီး ယာဉ်မောင်းအမျိုးသား မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သီပေါမြို့အတွင်း၌ နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများကြောင်း ဒေသခံများအချို့ မိုင်းထိဒဏ်ရာရမှုများလာကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-နယ်စည်းမခြား (သီပေါ)

ယနေ့ခေတ်

သီပေါမြို့တွင် ဒေသခံနှစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်