သာစည်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

သာစည်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ အလည်ကန်ကျေးရွာအုပ်စု၊ သန်းတောကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

” ပစ်သတ်ခံရသူက ဦးကျောက်ခဲ၊ အသက် ၅၈ နှစ်ပါ။ လယ်တောကနေ အိမ်ကိုပြန်လာတဲ့အချိန် အိမ်အနီးမှာ သေနတ်အတို၊ အရှည်တွေကိုင်ဆောင်ထားတဲ့လူ ၇ ဦးက သေနတ်နဲ့ အနီးကပ်ပစ်သတ် ထွက်ပြေးသွားတာ။ ကျည်ထိမှန်ဒဏ်ရာ ၅ ချက်ထက်မနည်းရရှိပြီး အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတာ။ သူကကျေးရွာခွဲ အုပ်ချုပ်ရေးမှူးတစ်ဦးပါ။” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ပစ်ခတ်သတ်ဖြတ်သွားသည်ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်း မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထီလာဆိုသူနှင့် ကျေးရွာခွဲတာဝန်ခံ ဦးနေမင်းထွန်းတို့ သတ်ဖြတ်ခံခဲ့ရသေးကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

သာစည်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်