သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီ ၃ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန် (၁) ရပ်ကွက်၊ အောင်ဇေယျ ၁ လမ်းတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့မှနှစ်ဦး အနည်းငယ် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဉ်ကိုတော့ ကျွန်တော်မသိဘူးဗျ။ အိမ်တစ်လုံးပဲဗျ။ မီးလောင်တာကတော့။ လူထိခိုက်မှုကတော့ မီးသတ်ကတစ်ဦး၊ နှစ်ဦးတော့ ဒဏ်ရာအနည်းငယ်ရတယ်။ မှန်ကွဲစလေးတွေစင်တာဗျ။ အရမ်းတော့မပြင်းပါဘူး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမီးလောင်မှုသည် ည ၇ နာရီ ၃ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၇ နာရီ ၂၆ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်၊ ညကလည်း တာမွေမြို့နယ်၊ ရွှေညောင်ပင်လမ်း၊ မွန်မြတ်စေတနာအိမ်ယာ၊ နေအိမ်ခြံဝင်းအတွင်း မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- မိုးပရဟိတ

ယနေ့ခေတ်

သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်