ဝက်လက်၌ ရက်ပိုင်းအတွင်း ဒေသခံတစ်သောင်းခွဲခန့် စစ်ရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း၌ စစ်ကြောင်းများ ဝင်ရောက်နေ၍ ရက်ပိုင်းအတွင်း ဒေသခံတစ်သောင်းခွဲခန့် စစ်ဘေးရှောင်နေရကြောင်း ဒေသတွင်း၌ စစ်ဘေးရှောင် များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်မှစ၍ နစက စစ်ကြောင်းများ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်နေ၍ အနီးရှိကျေးရွာများမှ ဒေသခံတစ်သောင်းခွဲခန့် စစ်ဘေးရှောင်နေရခြင်းဟု သိရသည်။

“ စစ်ကြောင်းက ၇ ကြောင်းလောက်နဲ့ ဝက်လက်မြို့နယ်ထဲကိုဝင်နေတာ။ သူတို့က ဖမ်းဆီးစစ်ဆေးတာတွေ၊ စခန်းချတာတွေ လုပ်နေတဲ့အပြင် ရထားသံလမ်းပြင်တာတွေကို လုံ ခြုံရေးယူဖို့ ရောက်လာကြတာလို့ သိရတယ်။ စစ်ကြောင်းရှိနေတော့ ရွာတွေမှာ ဘယ်သူမှမနေရဲဘူး။ အကုန်ထွက်ပြေးကြရတယ်” ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူတစ် ဦးက ပြောသည်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ဝက်လက်မြို့နယ်အတွင်းရှိ သုံးဆင့်ကန်ကျေးရွာမှ အိမ်ထောင်စု ၁၈၀ ခန့်၊ ထန်းကြီးကျေးရွာမှ အိမ်ထောင်စု ၅၀၀ ခန့်၊ ပေါက်ကန်ဘူတာမှ အိမ် ထောင်စု ၁၀၇ ခန့်၊ ပေါက်ကန်ရွာမှ အိမ်ထောင်စု ၂၇၀ ခန့်၊ စမွန်းရွာမှ အိမ်ထောင်စု ၂၅၀ ခန့်၊ ကျွန်းဦးတောရွာမှ အိမ်ထောင်စု ၁၀၃ ခန့်၊ ခက်ခ၊ ပဒူနှင့် ညောင်ပင်ကြီးတောရွာမှ အိမ်ထောင်စု ၁၅၀၀ ခန့် စုစုပေါင်းအိမ်ထောင်စု ၂၉၀၀ ခန့်မှ ဒေသခံ ၁၅၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စစ်ရှောင်အများစုမှာ ဝက်လက်မြို့နယ်အတွင်းရှိ တောစပ်များနှင့် လယ်ကွင်း၊ ယာကွင်း စသည့်ကွင်းပြင်များ၌ တဲများထိုး၍လည်းကောင်း၊ ရွာမှယူဆောင်လာသည့် လှည်းများပေါ် တွင်လည်း အဆင်ပြေသလို ခက်ခဲစွာနေထိုင်ကြရကြောင်း သိရသည်။

“ သူတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာတွေလည်း အများအပြားလိုအပ်နေပါတယ်” ဟု ဒေသတွင်း စစ်ရှောင်များအားကူညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်မြို့နယ်တွင်သာမက ခင်ဦး၊ ရေဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်မြို့နယ်တို့၌လည်း ယခုရက်ပိုင်း၌ စစ်ကြောင်းများ ဝင်ရောက်နေ၍ ဒေသခံအများအ ပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအနှံ့အပြားတွင် နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ (PDF )များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဆက်တိုက်နီးပါး ဖြစ် ပေါ် လျက်ရှိကာ တိုက်ပွဲများအပြီး၌ လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများအား လုပ်ဆောင်ရကြောင်း နစက မှ နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် သ တင်းထုတ်ပြန်မှုများရှိသည်။

မောင်ဇော်

ဓါတ်ပုံ – ဒေသခံတစ်ဦး

#ယနေ့ခေတ်

ဝက်လက်၌ ရက်ပိုင်းအတွင်း ဒေသခံတစ်သောင်းခွဲခန့် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်