လှိုင်သာယာ၌ ယာဥ်တိုက်မှုဖြစ် ၄ ဦးသေဆုံး ကားအောက်ပိမိနေသူများရှိဟု ကနဦးသိရ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ ကားအောက်၌ ပိမိနေသူများရှိကြောင်း မြို့ နယ်ပရဟိတအသင်း များထံမှ ကနဦးသိရသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

“ ယာဥ်တိုက်မှုက လူတော်တော်ထိထားတယ်။ လက်တလောတော့ သေဆုံးသူလေးယောက် ထွက်ထားတယ်။ ကားအောက်မှာလဲ ပိမိနေတဲ့လူတွေရှိတယ်။ အခုကတော့ ကယ် ဆယ်ရေးလုပ်နေတုန်းပါပဲ။” ဟု မြို့နယ်ပရဟိတအသင်းမှ တာဝန်ရှိသူကပြောသည်။

လက်ရှိတွင် အဆိုပါယာဥ်တိုက်မှုနှင့် ပတ်သက်သည့် ဖြစ်စဥ်နှင့် ထိခိုက်မိသူများ၏ အချက်အလတ်များအား စုံစမ်းစစ်ဆေးနေဆဲသာဖြစ်၍ သတင်းအပြည့်အစုံအား ထပ်မံဖော်ပြ ပေးသွားပါမည်။

ဂျူဂျူး

ဓာတ်ပုံ – ရွှေပြည်သာ မီးသတ်

#ယနေ့ခေတ်

လှိုင်သာယာ၌ ယာဥ်တိုက်မှုဖြစ် ၄ ဦးသေဆုံး ကားအောက်ပိမိနေသူများရှိဟု ကနဦးသိရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်