လောက်ကိုင်တွင် တရုတ်ပြည်မှသယ်​ဆောင်လာ​သည့် ဆန်အိတ်များကို အလုအယက် ဝယ်ယူ​နေ

ရန်ကုန်၊ နိုဝင်ဘာ ၆

တရုတ်ပြည်မှ ၁၂ ဘီးယာဥ်ဖြင့် သယ်​ဆောင်လာသည့် ဆန်အိတ်များကို နိုဝင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်တွင် အလုအယက်ဝယ်ယူ​ခဲ့ရ​ကြောင်း ​​လောက်ကိုင်မြို့နယ် သတင်း​ထောက် ကိုစိုးနိုင်က ယ​နေ့​ခေတ်သို့ ​ပြောသည်။

“တရုတ်ပြည်က သယ်​ဆောင်လာတဲ့ ၁၀ ပြည်အိတ်တစ်အိတ်ကို တရုတ်ယွမ် ၂၅၀။ မြန်မာ​ငွေနဲ့တွက်ရင် ကျပ်တစ်သိန်း။ လက်ရှိ လောက်ကိုင်ထဲမှာ ယွမ် ၁,၅၀၀၊ ၁,၆၀၀ လောက် ပေါက်ပါတယ်။ တိုက်ပွဲ​ရှောင်သူ​တွေက အလုအယက်ကို ဝယ်နေတာပါ။ တစ်ယောက်ကို ဆန်နှစ်အိတ်နှုန်းနဲ့ ​ရောင်း​ပေးတယ်။ အခု​တော့ တစ်ယောက်ကို တစ်အိတ်ပဲ​ရောင်း​တော့ တယ်။” ဟု လောက်ကိုင်မြို့နယ် သတင်း​ထောက် ကိုစိုးနိုင်က ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ တရုတ်နိုင်ငံထုတ် ဆန်အိတ်များကို လောက်ကိုင်မြို့နယ်တွင် ကားကွင်းအထွက်ပေါက်၌ ရောင်းပေးနေခြင်းဖြစ်​ကြောင်း လောက်ကိုင်မြို့နယ် သတင်း​ထောက် ကိုစိုးနိုင်က ယ​နေ့​ခေတ်သို့ ​ပြောသည်။

​လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲ​ရှောင်လူထုအများစု ပိတ်မိနေခြင်းကြောင့် နေ့စဉ်ခေါက်ဆွဲဗူးကိုသာ အားထားပြီးစားသောက်နေရကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

လောက်ကိုင်တွင် တရုတ်ပြည်မှသယ်​ဆောင်လာ​သည့် ဆန်အိတ်များကို အလုအယက် ဝယ်ယူ​နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်