လမ်း​ဘေး၌ ရပ်နားထားသည့် တွဲကားများကို ပိုင်ရှင်ထံ ခွင့်ပြုချက်​တောင်း၍ ​ရောင်ပြန်စ​တေကာများ အခမဲ့ကပ်​ပေးမည် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်မြို့အတွင်းရှိ လမ်း​ဘေးဝဲယာများတွင် ရပ်နားထား​သော တွဲကားများကို ပိုင်ရှင်ထံခွင့်ပြုချက်​တောင်း၍ ရောင်ပြန်စ​တေကာများ အခမဲ့ကပ်​ပေးမည်ဖြစ်​ကြောင်း ​ရွှေ​မေတ္တာ လူမှုကူညီ​ရေးအသင်းဥက္ကဌ မ​ရွှေလဲ့ထံမှ သိရသည်။

“ တွဲကား​တွေ လမ်း​ဘေးဝဲယာမှာ ရပ်နားထားရင် ပိုင်ရှင်ထံမှာ ခွင့်ပြုချက်​​တောင်းပြီး ​ရောင်ပြန်စ​တေကာ​​တွေ အခမဲ့လိုက်လံကပ်​ပေးပါမယ်။ ​ရောင်ပြန်မကပ်ထားတဲ့ တွဲကား အများအစု ညပိုင်း​တွေမှာ အ​နောက်က ဝင်တိုက်မိတဲ့အတွက် ယာဥ်တိုက်မှုဖြစ်တယ်။ လတ်တ​လောမှာ ပရဟိတလူနာတင်ယာဥ်တစ်စီး အ​ရေး​ပေါ် အနီ​ရောင်အဆင့်ရှိတဲ့ လူနာ​တစ်ဦးကို ပို့​ဆောင်စဥ်မှာ လမ်းဖြတ်ကူးသူကို​ တိမ်းရှောင်ရင်း ​တွဲကားကိုတိုက်မိပြီး လူနှစ်ဦး​သေဆုံးရတဲ့အထိ ဖြစ်​ပေါ်ခဲ့ပါတယ်။ ဒီလိုအ​ခြေအ​​နေမျိုး ​နောက်ဆက်မဖြစ်​စေဖို့ ရည်ရွယ်ပါတယ်” ဟု ​ရွှေ​မေတ္တာ လူမှုကူညီ​ရေးအသင်းဥက္ကဌ မ​ရွှေလဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တွင် ညပိုင်းအချိန် တွဲကားများတွင် ရောင်ပြန်မကပ်ထားခြင်း​ကြောင့် အနောက်ဘက်မှ ဝင်တိုက်မိပြီး ယာဥ်တိုက်မှုများ မကြာခဏဖြစ်​ပေါ်လျက်ရှိ၍ ယင်းဖြစ်စဥ်များ ထပ်မံမဖြစ်​ပေါ်​စေရန် ရည်ရွယ်ကာ ​ဆောင်ရွက်ရခြင်းဖြစ်​ကြောင်း ရွှေ​မေတ္တာ လူမှုကူညီ​ရေးအသင်းဥက္ကဌ မ​ရွှေလဲ့က ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင်

#ယနေ့ခေတ်

လမ်း​ဘေး၌ ရပ်နားထားသည့် တွဲကားများကို ပိုင်ရှင်ထံ ခွင့်ပြုချက်​တောင်း၍ ​ရောင်ပြန်စ​တေကာများ အခမဲ့ကပ်​ပေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်