ရန်ကုန်-မော်လမြိုင်ကားလမ်း သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ သထုံမြို့၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ သင်းထော်ကွေ့လမ်းဆုံ၊ ရန်ကုန်-​မော်လမြိုင်ကားလမ်းမတွင် ဒီဇင်ဘာ ၁၀ ရက်၊ နံ နက် ၁၀ နာရီက ဆီ သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ သင်း​ထော်​ကွေ့လမ်းဆုံမှာ ဆီ​ဘောင်ဆာတစ်စီး တိမ်း​မှောက်မှုဖြစ်သွားတယ်။ အချိန်မီ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းအတွက် ​ဆောင်ရွက်​ပေးခဲ့ပါတယ်။ ကားကအရှိန်လည်းပါ​တော့ မီး​လောင်မှုမဖြစ်​ပေမယ့် ကားဘီး​တွေ ကျွတ်ထွက်သွားပါတယ်။ ယာဥ်​မောင်းက အနည်းငယ်ထိခိုက်ဒဏ်ရာရရှိ သွားပါတယ်။ မီး​လောင်ဆုံးရှုံးမှု​တော့ မရှိပါဘူး။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ စက်သုံးဆီသယ်​ဆောင်​သော ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် သထုံမြို့နယ် မီးသတ်စခန်းက ရေသယ်ယာဉ်တစ်စီး၊ ကျိုက္ကော်နယ်မြေ မီးသတ်စခန်းက မီးငြှိမ်းသတ် ယာဉ်တစ်စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ရန်ကုန်-မော်လမြိုင်ကားလမ်း သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်