ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ကားတစ်စီး မြောင်းအတွင်းထိုးကျပြီး နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

အုတ်တွင်း၊ အောက်တိုဘာ ၂၅

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အောက်တိုဘာ ၂၄ ရက်၊ ညနေ ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်သို့ မောင်းလာသည့် လင်ခရူဆာအဖြူရောင်ကားသည် ရန်ကုန်-မန္တလေး အမြန် လမ်းပေါ်မိုင်တိုင် ၁၂၅/၃ နှင့်၁၂၅/ ၅ ကြားအရောက်၌ လမ်းဘေးမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ် လိုက်ပါလာသည့် အသက် ၅၀ ကျော်အရွယ် ဒေါ်လှလှမြင့်နှင့် ဒေါ်စန်းစန်းမြင့်တို့ သေဆုံးခဲ့ပြီး၊ ယာဉ်မောင်း ညီပြည်စုံ၊ မဖူးပွင့်ဇော်၊ မသူသူစံ၊ မောင်ကြယ်စင်ဟိန်းထက်ဦးတို့ ငါးဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

” မောင်းလာရင်းနဲ့ဖြစ်တာလို့ သိရတယ်။ ကားရဲ့ညာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးက မြောင်းထဲထိုးကျသွားတာ။ ကံကောင်းလို့ အကုန်မသေတာ။ ကား ပေါ်ပါလာတဲ့သူတွေထဲက အမျိုးသမီးနှစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးနှစ်ဦးသည် ကရင်ပြည်နယ်မှဖြစ်ကြောင်း၊ သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရသူများအား ဒေသခံများက တောင်ငူမြို့၊ တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ကားတစ်စီး မြောင်းအတွင်းထိုးကျပြီး နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်