ရန်ကုန်မြို့အတွင်း ဒရုန်း​ရောင်းချခြင်းနှင့် ပျံသန်းခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် Drone နှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ လက်ဝယ်အသုံးပြုခြင်း၊ Drone ပျံသန်းခြင်း မရှိစေ​ရေးအတွက် ကြပ် မတ်ဆောင်ရွက်သွားရန်နှင့် ခွင့်ပြုချက်မဲ့ ဒရုန်းပျံသန်းခြင်းများကို အရေးယူမည်ဖြစ်ကြောင်း မြို့နယ်​ထွေ/အုပ်များက နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် ​ကြေညာချက်ထုတ်ပြန်ခဲ့​ကြောင်း သိရသည်။

အဆိုပါအမိန့်ကို ​မြို့နယ်များအလိုက် ထွေ/အုပ်များကတစ်ဆင့် တရားဝင်ထုတ်ပြန်ခြင်းဖြစ်ပြီး ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းကို တားဆီးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

“ အရင်တုန်းက ဆိုင်တွေမှာ ရဲတပ်ဖွဲ့က ဒရုန်းနဲ့ ဆက်စပ်စ္စည်းမရောင်းဖို့ လာပြောတာာမျိုးရှိတယ်။ အခုလိုမျိုး ထွေ/အုပ်က စာထုတ်တာကတော့ ပထမဆုံးအကြိမ်ပါပဲ။ ရပ်ကွက်ရုံး ကလည်း ခေါ်ပြောပါတယ်။” ဟု ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် ယခင်က မြို့နယ်ရဲတပ်ဖွဲ့က ဒရုန်းများမရောင်းချရန် အသိ​ပေးအ​ကြောင်းကြားခြင်းများရှိခဲ့​ကြောင်း သိရ သည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ရန်ကုန်မြို့အတွင်း ဒရုန်း​ရောင်းချခြင်းနှင့် ပျံသန်းခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်