ယူကရိန်းအကျဉ်းသားများကို တင်ဆောင်လာသည့် ရုရှားစစ်လေယာဉ်ပျက်ကျ အားလုံးသေဆုံးဖွယ်ရှိနေ

ကိဗ်၊ ဇန်နဝါရီ ၂၄

ရုရှားစစ်ဘက်သုံး လေယာဉ်တစ်စီးသည် ယူကရိန်းနယ်စပ်ဒေသမှ ၉၀ အကွာရှိ ကျေးရွာတစ်ရွာနားတွင် ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ယူကရိန်းအကျဉ်း သားအားလုံး သေဆုံးဖွယ်ရှိနေကြောင်း သိရသည်။

ရုရှားစစ်ဘက်သုံးလေယာဉ် Ilyushin Il-76 သည် စစ်ပွဲအတွင်းဖမ်းဆီးရမိသည့် ယူကရိန်းအကျဉ်းသား ၆၅ ဦးကိုတင်ဆောင်လာခဲ့ပြီး ရုရှားပိုင်နက် ဘယ်ဂိုရောဗ့်မြို့အနီးတွင် ပျက် ကျသွားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနှင့် ရုရှားတို့သည် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေး အစီအစဉ်အရ အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရန် စီစဉ်ထားပြီး၊ အကျဉ်းသားများကို စစ်လေယာဉ် ဖြင့် ခေါ်ဆောင်လာချိန်တွင် ယူကရိန်းနှင့် ရုရှားနယ်စပ်အနီးတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

ရုရှား ဘယ်လ်ဂိုရောဗ့်မြို့ အုပ်ချုပ်ရေးမှူးက အဆိုပါစစ်ဘက်သုံးလေယာဉ် ပျက်ကျရသောအကြောင်းအရင်းကို အတိအကျမသိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း ပြော သည်။

အဆိုပါအမျိုးအစားလေယာဉ်သည် တပ်ဖွဲ့ဝင်များသယ်ယူပို့ဆောင်ရန်နှင့် ကုန်စည်နှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး စစ် လေယာဉ်တွင် ဝန်ထမ်း ၅ ဦး ပုံမှန်တင်ဆောင်ပျံသန်းပြီး ခရီးသည်အနည်းဆုံး ၉၀ အထိ တင်ဆောင်ပျံသန်း၍ရကြောင်း သိရသည်။

ရုရှားမီဒီယာများက လေယာဉ်ပေါ်တွင်လိုက်ပါသွားသော ဝန်ထမ်းများအပြင် ယူကရိန်းအကျဉ်းသားအားလုံး သေဆုံးသွားဖွယ်ရှိနေကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်လေယာဉ်ပေါ်တွင် ရုရှားနိုင်ငံသားဝန်ထမ်းခြောက်ဦး၊ အခြားပြည်သူသုံးဦးနှင့် ယူကရိန်းအကျဉ်းသား ၆၅ ဦးခန့် လိုက်ပါသွားကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

စစ်လေယာဉ်ပျက်ကျမှုကို ခုံရုံးဖွဲ့ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရုရှားစစ်ဘက်ကသတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

bbc.com/news

ယူကရိန်းအကျဉ်းသားများကို တင်ဆောင်လာသည့် ရုရှားစစ်လေယာဉ်ပျက်ကျ အားလုံးသေဆုံးဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်