မြောက်ကိုရီးယားက တောင်ကိုရီးယားရေပိုင်နက်နားကို အမြှောက်ကျည်ဆံ ၆၀ ကျော် ထပ်မံပစ်ခတ်ခဲ့ ဟုဆို

ဆိုးလ်၊ ဇန်နဝါရီ ၇

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် မြောက်ကိုရီးယားသည် ဇန်နဝါရီ ၆ ရက်နေ့က တောင်ကိုရီးယားနှင့် နယ်စပ်ချင်းထိစပ်နေ သည့် အငြင်းပွားရေပိုင်နက်နားကို အမြှောက်ကျည်ဆံပေါင်း ၆၀ ကျော် ထပ်မံပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သော ဇန်နဝါရီ ၅ ရက်နေ့ကလည်း တောင်ကိုရီးယား ရေပိုင်နက်နားကို အမြှောက်ကျည်ဆံပေါင်း ၂၀၀ ကျော်ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယားက ဒေသခံများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မြောက်ကိုရီးယားနယ်စပ်နားတွင် ဒီဇင်ဘာလနောက်ပိုင်းက တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံကြား စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ခြင်းကို မကျေနပ်သည့်အတွက် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အမြှောက်ကျည်ဆံများသည် တောင်ကိုရီးယားနိုင်ငံ နယ်စပ်ဒေသဖြစ်သည့် Yeonpyeong ကျွန်း၏ အရှေ့မြောက်ဘက်ကို ကျရောက်ခဲ့ကြောင်း တောာင်ကိုရီး ယားစစ်ဘက်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည့် လုပ်ရပ်များကို ရပ်တန့်ရမည်ဖြစ်သလို၊ တင်းမာမှုအရှိန် မြင့်တက်လာနိုင်သည့် အပြုမှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဝေဖန်ပြစ်တင်လေ့ရှိနေပြီး တစ်စုံတစ်ခု ပြန်တုံ့ပြန်လေ့ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သော သြဂုတ်လနောက်ပိုင်းတွင် စစ်ဘက်သုံးဂြိုလ်တုကို ပထမဆုံးအကြိမ် အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် တောင်ကိုရီးယား၊ အမေရိကန်နိုင် ငံတို့နှင့် တင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်က ၎င်းတို့ရန်စလာမည်ဆိုလျှင် နျူကလီးယားလက်နက် အသုံးပြုတိုက်ခိုက်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း သတိပေးထားသည်။

#ကောင်းထက်ငွေ

alarabiya.net

#ယနေ့ခေတ်

မြောက်ကိုရီးယားက တောင်ကိုရီးယားရေပိုင်နက်နားကို အမြှောက်ကျည်ဆံ ၆၀ ကျော် ထပ်မံပစ်ခတ်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်