မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိနေသည့် နေရာများတွင် တည်ငြိမ်ရေးနှင့် လုံခြုံရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ ထပ်မံပြောဆို

ဘေဂျင်း၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် နေရာများကို လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့စည်းအားလုံး အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံတိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သော သီတင်းပတ်နှစ်ပတ်ကျော်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ၂၀၂၁ ခုနှစ်က အာဏာအ ငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရအတွက် ကြီးမားသောစိန်ခေါ်မှု ဖြစ်လာဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော ကိုးကန်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအောင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် အောက် တိုဘာ ၂၇ ရက်နေ့က နစက၏ တပ်စခန်းများကို သိမ်းပိုက်ကာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား အဓိကကုန်သွယ်ရေလမ်းကြောင်းကို ပိတ်ဆို့ထားသည်ဟု သိရသည်။

တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အဆုံးသတ်ရန် ထပ်မံတောင်းဆိုကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ပူး ပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကို တိုက်တွန်းကြောင်း၊ တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုများ ထပ်မံမဖြစ်စေရန် တားဆီးစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်မှ ပစ်လိုက်သောကျည်ဆံများ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ရာ တရုတ်နိုင်ငံသားများ သေ ဆုံးမှုများရှိခဲ့ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ် ခဲ့သည်။

တရုတ်အစိုးရသည် တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံဘက်ခြမ်းရှိ နေရာအချို့ကို ခရီးမသွားရန် တရုတ်နိုင်ငံသားများကို တိုက်တွန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက “ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်အ မင်းစိုးရိမ်မိပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ အပစ်ခတ်ရပ်စဲဖို့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တောင်းဆိုပါတယ်။ နယ်စပ် ဒေသရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်စေလိုပါ တယ်။” ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ပြီးခဲ့သောသီတင်းပတ်က မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်အင်စတီကျူးရှင်းများနှင့် တရုတ်နိုင်ငံသားများအတွက် လုံခြုံရေး ပိုမိုကောင်းမွန်စေရန် ထိရောက်သောအစီမံများ လုပ် ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိနေသည့် နေရာများတွင် တည်ငြိမ်ရေးနှင့် လုံခြုံရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ ထပ်မံပြောဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်