မြန်မာနိုင်ငံနှင့်ပတ်သတ်သော ငြိမ်းချမ်းရေးအစီအစဉ်များကို အာဆီယံသံတမန်များ ပြန်လည်သုံးသပ်ဆွေးနွေးမည် ဟုဆို

ဂျာကာတာ၊ စက်တင်ဘာ ၄

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် နှောင့်နေးလျက်ရှိနေသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ငြိမ်းချမ်းရေးအစီအစဉ်များကို စက်တင်ဘာ ၄ ရက်နေ့တွင် ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ ယင်းအစည်းအဝေးအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်သာ ငြိမ်း ချမ်းရေးအစီအစဉ်များကို ဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရသည်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် ဒေသအတွင်းစီးပွားရေး၊ ရာဇဝတ်မှုများအပြင် အခြားကိစ္စများကို ဆွေးနွေးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက်ကို ပြီးခဲ့သော ၂၀၂၁ ခုနှစ်က ရယူနိုင်ခဲ့သော်လည်း အာဆီယံ သဘောတူညီချက် ငါး ချက် အကောင်ထည်ဖော်ရေး တိုးတက်မှုမရှိဘဲ ဖြစ်နေကြောင်း ဝေဖန်မှုများရှိနေသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက “ အာဆီယံခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့်ပေးထားတဲ့အတွက် ကျွန်မတို့ဟာ အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည် ဖော်မှုတွေကို ပြန်လည်သုံးသပ်သွားမှာပါ။ အာဆီယံခေါင်းဆောင်တွေကို မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့အကြံဉာဏ်တွေပေးနိုင်ဖို့ ပြင်ဆင်သွားမှာပါ။ မြန်မာနိုင်ငံမှာ ငြိမ်း ချမ်းမှုများ ရရှိမယ်ဆိုရင် အာဆီယံအဖွဲ့ဟာ စွမ်းအားအပြည့်နဲ့ ရှေ့ကိုချီတက်နိုင်မှာပါ။” ဟုဆိုသည်။

မြန်မာနိုင်ငံရေးအခက်ခဲသည် အာဆီယံအဖွဲ့၏ စုစည်းညီညွှတ်မှုများနှင့် ထိရောက်စွာဆောင်ရွက်နိုင်စွမ်းကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

straitstimes.com

#ယနေ့ခေတ်

မြန်မာနိုင်ငံနှင့်ပတ်သတ်သော ငြိမ်းချမ်းရေးအစီအစဉ်များကို အာဆီယံသံတမန်များ ပြန်လည်သုံးသပ်ဆွေးနွေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်