မြန်မာစစ်ဘေး​ရှောင် ၄၀ ကျော် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၃

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်၊ နံနက်အ​စောပိုင်းက မြန်မာစစ်ဘေး​ရှောင်ဒုက္ခသည် ၄၀ ကျော် ဖမ်းဆီးခံလိုက်ရ​ကြောင်း ဖမ်းဆီးခံရသူတစ်ဦး နှင့် ​ဆွေမျိုး​တော်စပ်သူက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ဒီဘက်မှာ ​နေထိုင်လို့မရတဲ့ အ​ခြေအ​နေမျိုးနဲ့ ရင်ဆိုင်ကြုံ​တွေ့ရလို့ အိန္ဒိယဘက် ခဏ​ပြေး​ရှောင်တာပါ။ ကျွန်​တော်တို့က ဖမ်းဆီးခံရသူ​တွေနဲ့ ​ဆွေမျိုး​တော်စပ်ပါတယ်။ စစ်​ဘေး တိမ်း​ရှောင်တဲ့အထဲ ကျွန်​တော်တို့လည်းပါတယ်။ အခု​​​လော​လောဆယ် အမျိုးသမီး​တွေနဲ့ က​လေးသူငယ်​တွေကို အိန္ဒိယအာဏာပိုင်​တွေက ပြန်လွှတ်​ပေးပါတယ်။ ကျွန်​တော်တို့က ဖမ်းဆီးမခံလိုက်ရဘူး။ ​ပြေးရင်းလွတ်သွားတာပါ။” ​ဟု ဖမ်းဆီးခံရသူတစ်ဦးနှင့် ​ဆွေမျိုး​တော်စပ်သူက ယ​နေ့ခေတ်သို့ ​ပြောသည်။

အဆိုပါ မြန်မာစစ်​ဘေး​ရှောင် ဖမ်းဆီးခံရသူ ၄၀ ကျော်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အိန္ဒိယနိုင်ငံအာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီး အချို့ကို အိန္ဒိယအကျဉ်း ထောင်သို့ ပို့​ဆောင်ထား​ကြောင်း India For Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ မြန်မာစစ်​ဘေး​ရှောင် ၄၄ ဦး ဖမ်းဆီးခံရပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၁၂ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ၁၀ ဦးကတော့ ထောင်ကိုပြောင်းရွှေ့ လိုက်တယ်လို့ သိရပါတယ်။” ဟု India For Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာစစ်​ဘေး​ရှောင်များသည် မိုးရေးမြို့အနီးတွင် နေထိုင်သူများနှင့် စျေးလာရောင်းသူများဖြစ်​ကြောင်း India Press ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိ အိန္ဒိယအစိုးရ၏ ဇီဝအချက်အလက် ကောက်ယူမှုများအရ မိုးရေးမြို့အနီးတွင် မြန်မာစစ်ဘေး​ရှောင်ဒုက္ခသည် ၃၀၀၀ ခန့် လာ​ရောက်ခိုလှုံနေ​ကြောင်း India Press ၌​ဖော်ပြထားသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

မြန်မာစစ်ဘေး​ရှောင် ၄၀ ကျော် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်